ဟိုတစ်လောကမှ တင်္နလာနေ့ရုံးတက်ရင်းကနေ ဒီနေ့ သောင်္ကြာနေ့ ပြန်ရောက်လာတယ်။ နောက် ဖင်လှည့်ခေါင်းလှည့်နဲ့ စနေ တနင်္ဂနွေကိုဖြတ် ... ပြီးတော့ တနင်္လာနေ့ပြန်ရောက် ... နောက် သောင်္ကြာပြန်ရောက်လာနဲ့ ... မြန်လိုက်တဲ့ အချိန်ကွာ...
Self Taught
ကျွန်တော် ဆရာ အောင်သင်းရဲ့ ထိထိရောက်ရောက်နဲ့ ပြောတတ်တဲ့ စကားတွေကို သဘောကျတယ်။
လောကမှာ လူလိမ်မာတို့ မည်သည်မှာ တပါးသူရဲ့ အမှားကနေ သင်ခန်းစာယူရတယ်
လူမိုက်တို့ မည်သည်မှာ ကိုယ်တိုင်မှားမှ သင်ခန်းစာရတယ်
ပို၍ မိုက်မဲသော သူတို့ကား ကိုယ်တိုင်မှားပါလျက်နဲ့ သင်ခန်းစာ မယူတတ်ကြဘူး
မှားကတော့ လူတိုင်းမှားတာပဲ လူတိုင်းမှားလို့ ခဲတံမှာ ခဲဖျက်တပ်ထားတာပေါ့
Category:
Quotation
Meaning of GTalk in these days?
တစ်ရက် တစ်ရက် ဝင်မိတိုင်းကိုယ်က ညီးလိုက်
ဟိုက ပြန်ညီးလိုက် နဲ့
အပူလှိုင်းတွေ တလုံးလုံး တက်လို့
ဒုက္ခသည် ... အပူသည်များ စတည်းချရာ
ဇရပ်ကြီး အလား ...
Category:
Misc
TinyChat
TinyChat က WebChat ပေါ့ပေါ့ပါးပါး အသေးစာလေးပါ။ Click တစ်ချက်နှိပ်တာနဲ့ လင့်တစ်ခု ပေးပါလိမ့်မယ်။ အဲဒိလင့်ခ်ကို သူငယ်ချင်းအပေါင်းအသင်းတွေကို လာခိုင်းပြီး ချတ်လို့ရပါတယ်။

Category:
Internet
Three Twitter Apps I'm using
Twitter ရဲ့ နာမည်ရလာတာ အံ့သြစရာပါပဲ။ သူရဲ့ CMS တည်ဆောက်ပုံက တော်တော်ရိုးရှင်းပေမယ့် ပထမက International SMS Feature (now US, UK and India only) နဲ့ API support လုပ်ပေးခဲ့လို့ Third Party App တွေကြောင့် တအား လူသုံးများလာတယ်။ နောက် web app တော်တော်များများမှာ Twitter ကို လှမ်းပြီး update လုပ်လို့ရတယ်ဆိုတာတွေ များများလာတယ်။ Technically အားဖြင့် update လုပ်ရတာ မခက်ပါဘူး။ Basic Http Authentication သုံးပြီး username၊ password နဲ့ update message ကို POST method နဲ့ Twitter API url ကို လှမ်းပို့လိုက်ရင် update လုပ်လို့ရပါတယ်။
ကျွန်တော်ကတော့ စာအများကြီး ရေးရမှာ ပျင်းတာရယ်၊ Share လုပ်ချင်ရင်လဲ copy paste လုပ် Link ထည့်လိုက်ပြီး update လုပ်ရတာ မြန်တာကြောင့် Twitter သုံးဖြစ်သွားတယ်။
ကျွန်တော်ကတော့ စာအများကြီး ရေးရမှာ ပျင်းတာရယ်၊ Share လုပ်ချင်ရင်လဲ copy paste လုပ် Link ထည့်လိုက်ပြီး update လုပ်ရတာ မြန်တာကြောင့် Twitter သုံးဖြစ်သွားတယ်။
သူ့ကို သုံးဖြစ်တော့ တစ်နေရာတည်းကနေ update လုပ်ဖို့ Third app သုံးဖြစ်တယ်။ အဲဒါ့က ping.fm ရှိသမျှ web services တော်တော်များများကို update လုပ်လို့ရတယ်။ ဥပမာ facebook, Twitter, friendfeed, Plurk စသဖြင့်ပေါ့။ နောက်တစ်ခုက Twhirl ဆိုတဲ့ AIR Application. Windows, MAc နဲ့ Linux မှာ Adobe AIR သုံးလို့ရတော့ Ubuntu သုံးတဲ့ ကျွန်တော် Twhirl ကိုလဲ Twitter message တွေ ပို့ဖို့နဲ့ သူများတွေရဲ့ status message တွေကြည့်ဖို့ သုံးဖြစ်တယ်။ အဲ နောက်တစ်ခုက iPhone နဲ့ iPod Touch မှာ သုံးလို့ရတဲ့ Twitterrific သူ့ကိုလဲ iPod သုံးရင်း သုံးဖြစ်တယ်။
သင်ကော Twitter သုံးလား? ဘယ်လိုမျိုး Twitter Application တွေသုံးလဲ?
Category:
Internet
A quick suggestion from Ashin Sopaka
The pain comes when you think about the past and the future. Whatever you are doing in this very moment and in every moment, give it your best attention.ကျွန်တော် gTalk ပေါ်မှာတင်ထားတဲ့ Status ကို မြင်ပြီး အမေရိကန်လူမျိုး မြန်မာ ဘုန်းကြီး ပြောသွားတဲ့ စကားပါ။
- Ashin Sopaka (An American Buddhist monk)
Category:
Quotation
I want the Earth turning reverse
ဒီကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာ အားလုံးပဲ အသစ်က ပြန်စလို့ရရင် ... အရင်လို မျှော်လင့်ချက်နဲ့ ...
အရာရာ အားလုံးက ဖြစ်ချိန်တန်လို့ ဖြစ်လာကြတယ်၊ ပျက်ချိန်တန်လို့ ပျက်သွားကျတယ်။ ဒါတွေကို တားလို့မရတာ သိပေမယ့် သီချင်းထဲကလို မဖြစ်နိုင်တဲ့ အရာကို ရူးသွပ်စွာ တောင်းတမိတယ်။ တက္ကသိုလ်ကျောင်းသား ဘဝထက် ခေါင်းထဲမှာ ကျောင်းစာလောက်ပဲ ထည့်ထားရတဲ့ အပူအပင်ကင်းကင်း နေခဲ့ရတဲ့ ဘဝကို ပြန်လိုချင်မိတယ်။
Category:
Myself
Subscribe to:
Posts (Atom)


I'm Myo Kyaw Htun. 23 years old guy from Myanmar and currently working as web developer in Bangkok, Thailand for more than two years. This is my first created blogspot blog mostly written in Burmese/Myanmar language. If you want to read it in English, please visit my personal site (