ဒီကမ္ဘာမှာ ငါ့အတွက်သာ ထင်မှတ်သမျှဟာ
နောက်ဆုံးမှာ သူ့အလိုတိုင်းသာ လွင့်ပြယ်ပျောက်ကာ သွားရင်း
ကမ္ဘာမှာ ငါ့အတွက်သာ မျှော်လင့်သမျှဟာ
နောက်ဆုံးမှာ လွင့်ပြယ်ပျောက်ကာ သူ့ အလိုတိုင်း အို ခရီးဆက်နေဆဲပါ
အရင်လိုပါပဲ ... အရင်လိုပါပဲ ...
The same December
December 24, 2008
ဒီမနက်မှာ မမျှော်လင့်တဲ့ စကားတစ်ခွန်း ကြားလိုက်ရတယ်။ တကယ် မမျှော်လင့်ခဲ့ပါဘူး။ အချိန်အတိုင်းအတာတစ်ခု ပေးရတော့မယ်ဆိုတာ နားလည်လိုက်တယ်။ .... ၂၀၀၈ ဒီဇင်ဘာဟာ အရင် ဒီဇင်ဘာတွေ အတိုင်းပါပဲ။ ...
Category:
Myself
Sharing interesting sites
Free PHP Web Hosting
အရင်နေ့တွေက အသိတစ်ယောက်က Free web hosting တွေဘယ်ဟာကောင်းလဲမေးတော့ ဆိုဒ်တစ်ချို့ပေးလိုက်တယ်။ ဒီနေ့ ဖတ်မိတဲ့ 5 Awesome free PHP web hosting services မှာ list လုပ်ထားတဲ့ ဆိုဒ်လေးတွေကလဲ စိတ်ဝင်စားစရာပါပဲ။
(Feature အသေးစိတ်ကို သက်ဆိုင်ရာ service တွေမှာ ကြည့်ရှူပါ)
File Storage
Online မှာ File တွေ သိမ်းဖို့ Share လုပ်ဖို့အတွက် LiveDrive ဆိုတဲ့ Service တစ်ခုတွေ့ထားတယ်။ Unlimited storage ဆိုတော့ မဆိုးပါဘူး။
E-Books
ကျွန်တော့်ရဲ့ delicious.com/myochauhtun/ebooks မှာ ဒီရက်တွေမှာ မှတ်ထားတဲ့ ebook sharing ဆိုဒ်တွေပါ။
Windows Live version လဲ အသစ်ထွက်ပြီဆိုတော့ လတ်ရှိသုံးနေတဲ့ဟာကို upgrade လုပ်လိုက်တယ်။ ဒီပို့စ်ကိုလဲ Windows Live Writer နဲ့ တင်လိုက်တာပါ။
Category:
Internet
Missing the old days in University
ကွန်ပြူတာ တက္ကသိုလ်တက်တုန်းက သူငယ်ချင်းနဲ့ Friendster ကနေ တဆင့် အဆက်အသွယ် ပြန်ရခဲ့တယ်။ ထုံးစံအတိုင်း “နင့်ကို Gmail ထဲမှာ နင့်နာမည် တွေ့လို ဆိုဒ်ကြည့်ရင်းနဲ့က add ထားလိုက်တာ accept လဲ မလုပ်ဘူးတဲ့။ အခုလဲ Friendster မှာ သူငယ်ချင်းတွေ သတိရလို့ ကြည့်ရင်းနဲ့ နင့်ကို message ပို့လို့မှ reply ပြန်ရတယ်” တဲ့... သူ့ကို gTalk မှာ Add ပြီး ကျောင်းက အကြောင်းတွေပြော၊ သူငယ်ချင်းတွေ အကြောင်းတွေပြော ဘယ်သူကဖြင့် ဘယ်မှာ၊ ဘယ်သူ ကဖြင့် အိမ်ထောင်ကျသွားပြီ၊ ကလေးက ဘယ်နှစ်ယောက်နဲ့ စသဖြင့် အတင်းတုတ် အဲ ရှေးဟောင်းနှောင်းဖြစ် လက်ရှိအခြေအနေတွေ ပြောဖြစ်သွားတာကြောင့် ကျောင်းတက်နေတုန်းက အချိန်တွေကို ပြန်သတိရမိတယ်။ သူကော ကိုယ်ကော အဲဒိအချိန်တွေကို ပြန်လွမ်းမိတဲ့အကြောင်း ပြောဖြစ်ကြတယ်။ သူ့ဆီကလဲ တစ်ခြား အဆက်အသွယ်ပြတ်နေတဲ့ သူတွေဆီက gmail id တွေရခဲ့တယ်။ ကျေးဇူးပါပဲ သူငယ်ချင်းရေ ... အခုလို ဒီဇင်ဘာမှာ အဲဒိအကြောင်းလေးတွေ ပြန်ပြောရတာလဲ ခံစားမှုတစ်ခုပါပဲ ... ပြန်မရနိုင်တော့တဲ့ ခံစားမှုမျိုးပေါ့။
Category:
Myself
Subscribe to:
Posts (Atom)

I'm Myo Kyaw Htun. 23 years old guy from Myanmar and currently working as web developer in Bangkok, Thailand for more than two years. This is my first created blogspot blog mostly written in Burmese/Myanmar language. If you want to read it in English, please visit my personal site (