Myo Kyaw Htun

Firebug

November 28, 2008
1 comments
Firebug ကတော့ html, css နဲ့ javascript တို့ကို web page တစ်ခု browse လုပ်နေတုန်းမှာပဲ အလွယ်တကူ ပြင်လို့ရအောင် အကူအညီပေးတဲ့ Firefox extension တစ်ခုပါ။ အဲဒိအတွက် ကုဒ်တွေပြန်ရေးလိုက် server ပေါ်ပြန်တင်ပြီးတော့ refresh ပြန်လုပ်စရာမလိုတော့ဘူးပေါ့။ အခုပြောမှာက သူ့ကိုသုံးပြီး တန်းပလိတ်တွေပြင်ရာမှာ လွယ်လွယ်ကူကူ နဲ့ အချိန်ကုန်သက်သာစေတဲ့နည်းပါ။
ပထမဆုံး လိုအပ်ချက်တွေက Firefox Browser နောက်ပြီးတော့ Firebug ကို Firefox မှာ install လုပ်ပြီး enable လုပ်ပါ။ နောက် အဓိကကတော့ HTML တို့ CSS တို့ကိုလဲ နားလည်ထားရပါ့မယ်။ ဒါမှာလဲ လွယ်လွယ်ကူကူ ပြင်လို့ရမှာပါ။
ကိုယ်ပြင်ချင်တဲ့ blog ကို browse လုပ်ပါ။ Firefox browser ရဲ့ အောက် ညာဖက်ဒေါင့်စွန်းက Firebug icon in Firefox Firebug icon လေးကို click လုပ်လိုက်ပါ။ အောက်ပုံအတိုင်းတွေ့ပါလိမ့်မယ်။ ကျွန်တော်က ကျွန်တော့် blog ကို browse လုပ်ထားပါတယ်။

Myo Kyaw Htun in Firebug


ဘယ်ဘက် windows က html element တွေပါ။ ညာဖက်ကတော့ CSS style code တွေပါ။ ဘယ်ဘက် Windows က html code တွေကို တစ်ခုခြင်းစီ ဖြည်ပြီး mouse တင်ပြီးကြည့်တာနဲ့ အဲဒိ element ကို Firebug က color နဲ့ highlight လုပ်ပြပေးပါတယ်။


Firebug HTML Code Windows


နောက် ကိုယ်ပြင်ချင်တဲ့ element ကို click လုပ်ပါ။ ညာဖက်က CSS windows မှာ အဲဒိ element ရဲ့ style တန်ဖိုးတွေကို ပြပေးပါလိမ့်မယ်။ အဲဒိတန်ဖိုးတွေကို ပြင်လိုက်တာနဲ့ အထက်က ကိုယ် browse လုပ်လိုက်တဲ့ site ရဲ့ သက်ဆိုဒ်ရင် element ရဲ့ styleလဲ ပြောင်းသွားပါတယ်။

Firebug CSS style windows



ကဲ ဒိလောက်ပါပဲ။ ကုဒ်တွေကတော့ ကိုယ့်ဘာသာပြင်ကြည့်ပေါ့။ တကယ် အသေးစိတ် ကို လိုက်လေ့လာချင်ရင် Michael Sync ဘလော့ဂ်မှာ Firebug နဲ့ ပါတ်သက်တဲ့ Firebug Tutorials တွေ တော်တော်များများ ရှိပါတယ်။ လေ့လာကြည့်နိုင်ပါတယ်။

World's Famous Men in one photograph

November 26, 2008
1 comments
ကမ္ဘာပေါ်မှာ ရှိသမျှ နာမည်ကြီးတွေရဲ့ ပုံတွေကို တစ်နေရာထဲမှာ ပါအောင်ဆွဲထားတဲ့ပုံပါ။ အဲဒိထဲ လူအနည်းငယ်ကိုပဲ သိတယ်။ ပုံကြီးကို click လုပ်ပြီး ကြည့်နိုင်ပါတယ်။

All famous men in one photograph artwork

How to insert the orginal size of image in Blogger/Blogspot

November 16, 2008
0 comments

ဒီ Blogger/Blogspot မရေးတာကြာတော့ သတိမထားမိတော့ဘူး။ ကျွန်တော်တို့ Blogspot/Blogger မှာ ပုံတွေတင်ရင် သေးသေးသွားတတ်ပါတယ်။ Upload လုပ်ပြီး Add Image နှိပ်လိုက်တဲ့အခါမှာ image html tag ပေါ်မှာ anchor link tag လေးထားပြီး ထည့်ပေးလိုက်ပါတယ်။ အဲဒါ့ကြောင့် click တစ်ချက်လုပ်မှ နဂို ပုံအကြီးရပါတယ်။ ဒါကတော့ ပုံမှန် Blogspot က generate လုပ်လိုက်တဲ့ကုဒ်ပါ။

<a href="http://1.bp.blogspot.com/_6fMJpZEuMaY/SR8E9iIBwFI/AAAAAAAADlo/TsNEs0AFkMA/s1600-h/add-an-image.png" imageanchor="1" style="margin-left: 1em; margin-right: 1em;"><img border="0" src="http://1.bp.blogspot.com/_6fMJpZEuMaY/SR8E9iIBwFI/AAAAAAAADlo/TsNEs0AFkMA/s320/add-an-image.png" /></a>


သူ့မူရင်း size ကိုပြချင်ရင် အနီရောင်ပြထားတဲ့နေရမှာ s800 ဆိုပြီးပြင်လိုက်ပါ။ နောက်တစ်ခုက click မနှိပ်စေချင်ရင်တော့ <a href=" ... .. "> ကိုဖျက်ပါ ပြီးတော့ </a> ကိုလဲဖျက်လိုက်ပါဦး။ ကြည့်ရလွယ်အောင် အရောင်တွေနဲ့ပြထားပါတယ်။
p.s: Edit HTML mode မှာသွားပြင်ရမှာ ဖြစ်ပါတယ်။

4 Years old my Gmail account and Me

November 13, 2008
2 comments
မှတ်မှတ်ရရ ဒီ Gmail account (myochauhtun) ကို ၂၀၀၄ ဒီလ ဒီရက်ကတည်းက (တစ်ခြားအကောင့်လဲ အသစ်ဖွင့်ပြီးလဲ မသုံးပဲနဲ့) စွဲစွဲမြဲမြဲ သုံးလာလိုက်တာ ၄နှစ်တောင် ရှိသွားပြီ။ Gmail account ကို အစ်ကိုဖြစ်နေတဲ့ (ကို) Ravi က account လုပ်ပေးခဲ့တယ်။ စသုံးခါစက သူရယ်၊ အစ်ကိုရယ်၊ ကျောင်းနေဖက် သူငယ်ချင်းမ တစ်ယောက်ရယ် ဒီလောက်ပဲ။ Gmail ကိုလဲ သတိရရင် စာပို့ဖို့လောက်ပဲ သုံးဖြစ်ခဲ့တယ်။ Gtalk သုံးဖြစ်တော့လဲ အစ်ကိုကို သတိရလို့ စကားပြောတာလောက်ပဲ သုံးဖြစ်ခဲ့တယ်။ Yahoo! နဲ့ Hotmail သာသုံးတဲ့ အစ်ကို့ကို မြန်မာပြည်ကနေ စကားပြောလို့ရတဲ့ gmail သုံးဖို့ပဲ သူ့ကိုပြောခဲ့ရတယ်။ ဒီ ထိုင်းနိုင်ငံရောက်ပြီး တော်တော်ကြာတိုင်အောင် Gtalk ထဲမှာ သူတို့တွေကလွဲလို့ ဘယ်သူမှ မရှိခဲ့ဘူး။

နောက် တော့ ... တစ်ယောက်တည်းပဲ နေတတ်တဲ့ ကျွန်တော် Blog ရေးရင်းကနေ အပေါင်းအသင်းတွေ တိုးလာတယ်။ အားရင် Chatting ရိုက်၊ ဘလော့ဂ်ရေး ဒါပဲလုပ်ဖြစ်တယ်။ အရင်ကတော့ လာ add လို့ရှိရင် accept လုပ် စကားစမြည် (chat) လုပ်မိတယ်။ တစ်ခေါက်မှာ သန်းခေါင်စာရင်း စစ်သလို စစ်တဲ့ လူမျိုးတွေနဲ့ တွေ့ပြီးနောက်ပိုင်း invite တွေကို လက်မခံဖြစ်တော့ဘူး။ နောက်ပိုင်း အပြင်မှာ အသိတွေ့လို့ ခင်မင်သွားရင် “gTalk မှာ add လိုက်မယ်နော်၊ myochauhtun မလား” လို့ မေးရင် ကျွန်တော်ဖြေလေ့ရှိတာက “မေးလ်သာအရင်ပို့ပါဗျာ။ ကျွန်တော့်အဲဒိ account ကို ပြန် add လိုက်မယ်” လို့ ပြောတာကို ကျွန်တော့်သူငယ်ချင်းတွေ သိတယ်။ ကြီးကျယ်တာမဟုတ်ပါဘူး။ ကိုယ့်အကြောင်းကို စကားကြုံတိုင်း ပြောတတ်တဲ့ ကျွန်တော်တောင် အနှီလူမျိုးတွေတွေ့ဖူးပြီး နောက်ပိုင်း လန့်သွားလို့ပါ။

ဒီလိုနဲ့ invite တွေကို yes လဲမလုပ် no လဲမလုပ်နဲ့ ပစ်ထားလိုက်တာ အခုဆို ၃၀၀ ကျော်သွားပြီ။ အရင်လကလဲ သူငယ်ချင်း တစ်ယောက်နဲ့ အဆက်အသွယ်ပြန်ရတယ်။ သူ့ကို Friendster မှာပြန်တွေ့လို့ ကိုယ့် email ကိုပေးလိုက်ပြီးနောက်ပိုင်း သူ့ဆီက ဘာ reply မှလဲ ပြန်မလာဘူးပေါ့။ စိတ်ထဲမှာလဲ ဒီကောင်တော်တော်နေနိုင်တာပဲပေါ့။ ဘယ်ဟုတ်မလဲ သူက message ရရပြီးချင်း gtalk ထဲ add ပြီးသွားပြီ။ နောက်သူငယ်ချင်းက သူ့ id ကို ပြောပြမှ “မင်းကွာ နေနိုင်လိုက်တာ ငါဖြင့် add ထားတာကြာပြီ။ အခုမှ accept လုပ်တော့တယ်” တဲ့။ မနေ့ညကလဲ အစ်မတစ်ယောက်နဲ့ စကားပြောနေတုန်း “ဟဲ့..နင့်ကို ငါ gtalk မှာ add ထားတာ ငါ ဒီရောက်ကတည်းကတဲ့၊ ဘယ်နှစ်လရှိပြီလဲ” ဆိုတော့မှ သူ့ account ကိုမေး ကိုယ်က ပြန်ပြီး add ထားလိုက်ရတယ်။
ဒီလိုတွေ ခဏခဏကြုံတော့ Account ပြောင်းသုံးမလား ခဏခဏ စဉ်းစားမိတယ်။ ဒါပေမယ့် သုံးလာတာကြာပြီ ဖြစ်တဲ့ အရင်ကလဲ အသိတွေကို ဒီ address ပဲပေးထားခဲ့တော့ ၄နှစ်ကြာသုံးလာတဲ့ ဒီအကောင့်လေးကို မစွန့်လွှတ်ချင်တော့ပါဘူး။

Simple ways to get readers for your blog

November 12, 2008
6 comments
ဘလော့ဂ်စရေးတဲ့ လူတိုင်း အမှားတော်တော်များများ လုပ်ကြတယ်။ တကယ့် pro ရေးနေတဲ့သူတွေလဲ သူ့တို့အတွေ့အကြုံတွေကနေ သူတို့အမှားတွေကို ဖွင့်ပြောကြတယ်။ ဒီပို့စ်ကတော့ အမှားတွေ အကြောင်းမဟုတ်ပါဘူး။ စာဖတ်သူတိုးအောင်တစ်နည်းအားဖြင့် site traffic တက်အောင် ဘလော့ဂ်ရေးသူတွေ (blogger တွေ) တော်တော်များများ လုပ်ကြတဲ့ နည်းတွေပါ။ ဖတ်မိသမျှ မှတ်သားမိသမျှလေးတွေ စုပြီး ဖေါ်ပြလိုက်ပါတယ်။

Content is the King

ဒါကတော့ ဘလော့ဂ်ရေးတဲ့သူတိုင်းပြောကြတဲ့ စကားပဲ။ မှန်ပါတယ်။ ကိုယ့်ဘလော့ဂ်မှာ ကိုယ်ရေးထားတဲ့ ပို့စ်တွေကောင်းမှပဲ လာဖတ်ကြမှပေါ့။ ပို့စ်ကောင်းတွေဆိုတာ ဘယ်လိုကို ဆိုလိုတာလဲ၊ သူတို့အတွက် တစ်ခုခုကျန်သွားစေတဲ့ စာမျိုးတွေကို ဆိုလိုတာပါ။ ဒါဆိုရင် သူတို့ဆိုတဲ့ ဘလော့ဂ်ဖတ်သူတွေက ဘာကို စိတ်ဝင်စားတာလဲ? ရသလား၊ သုတလား၊ ကဗျာလား၊ သီချင်းလား၊ ရုပ်ရှင်အကြောင်းလား၊ ဘဝအကြောင်းလား၊ ကာတွန်းလား၊ ဟာသလား၊ နည်းပညာလား။ကိုယ့်စာဖတ်ပရိတ်သတ်အများစု ဘာစိတ်ဝင်စားတယ်ဆိုတာ သူတို့ရဲ့ Feedback ဆိုတဲ့ comment တွေကနေ analyze လုပ်လို့ရပါတယ်။ ကိုယ့်စာဖတ် ပရိတ်သတ်က ကိစ္စတော်တော်များများ စိတ်ဝင်စားတယ်ဆိုရင်တော့ သိပ်ကောင်းတာပေါ့။ အဲဒိအချိန်ကျရင် အကုန်လုံးသာ ရေးဗျာ။

Give time for your blog

ဘယ်ကိစ္စဖြစ်ဖြစ်မှာပဲ တစ်ခုခုကို ဖြစ်အောင်လုပ်ချင်ရင် အဲဒိအတွက် “အချိန်” ဆိုတာပေးရပါတယ်။ ချက်ခြင်း အုန်းခနဲ ထုန်းခနဲ တစ်ရက်တည်းနဲ့ ရေးပြီး ဘယ်လိုမှတော့ ကိုယ်ရည်မှန်းထားတဲ့ ဟာဖြစ်မလာပါဘူး။ အဲဒိလို blog လေးတွေရှိပါတယ်။ visitor ထောင်သောင်းသိန်းချီရလာရင်လဲ ခဏပါပဲ။ အထက်က စာကောင်းတွေမရှိရင် နဂိုပုံစံပြန်ရောက်သွားမှာပါ။ အဲဒိအတွက် “အချိန်” ပေးပါ။ တွေးဖို့ “အချိန်” ပေးပါ။ ရေးဖို့ “အချိန်” ပေးပါ။

Link to others

တွေ့တဲ့ ဘလော့ဂ်တိုင်းကို လင့်ခ်ချိတ်ဖို့ မဆိုလိုပါဘူး။ ကိုယ်ဖတ်လေ့ရှိတဲ့ ဘလော့ဂ်လေးတွေကို လင့်ခ်ချိတ်ကြည့်ပေါ့။ လင့်ချိတ်တဲ့နေရာမှာလဲ မူရင်းမိန်းဘလော့ဂ်လင့်ခ်ကို ချိတ်သလို သူရေးထားတဲ့ ပို့စ်ရဲ့ လင့်ခ်ကိုလဲ ချိတ်တာလဲပါပါတယ်။ အဲဒိ ကိုယ်ချိတ်တဲ့ blog ပိုင်ရှင်က သူ့ကို လင့်ခ်ထားတာ သိလို့ရှိလို့ (သိစေတဲ့ နည်းတွေကလဲ အများကြီးပါ၊ Technorati တို့ site analytics တွေကနေ referral ကိုကြည့်ရင်သိပါတယ်) ကိုယ့်ဆိုဒ်လာကြည့်လို့ ဆိုဒ်မှာ ခုန စာကောင်းလေးများရှိလို့သူဆိုဒ်မှာ ပို့စ်တင်ပြီး ပြန်ညွှန်းရင် သူ့ဆီက visitor တွေ ဝင်လာကြမှာပါ။

Get the link from other blogs

ဒါကတော့ ဟိုဖက်ကပေါ့။ ကိုယ့်ဘလော့ဂ်ကို ကြိုက်တဲ့သူတွေ သူတို့တွေရဲ့ ဘလော့ဂ်မှာ လင့်ချိတ်ကြမှာပါ။ ဇွတ်အတင်းကြီး မျက်နှာပြောင်တိုက်ပြီး လိုက်ချိတ်ခိုင်းလဲ ရတာပဲ။ “ကျုပ် ဘလော့ဂ်လင့်ခ်လေး ချိတ်ပေးပါဂျာ... အီးးး ဝါးးး” ဆိုပြီး ရိုးရိုး ပြောမရရင် ငိုပြောပေါ့။ ဒီလိုနည်းနဲ့လဲ့ သူတို့ဆိုဒ်မှာ လာကြည့်တဲ့သူတွေ ကိုယ့်ဆီကို ရောက်လာနိုင်ပါတယ်။ ဥပမာဗျာ ... ကိုညီလင်းဆက် ဘလော့ဂ်ကို ကျွန်တော်တို့ မြန်မာဘလော့ဂ်ရေးသူတွေ တော်တော်များများ ချိတ်ကြတယ်။ ဘာကြောင့်လဲ ရှင်းရှင်းလေး၊ သူစာကောင်းတွေရေးတယ်။ လာကြည့်တဲ့သူတွေ တစ်ခုခုကျန်အောင် သူအချိန်ပေးပြီး ရေးတယ်။ ဒါကြောင့် သူ့ ဘလော့ဂ်ကို “နေ့စဉ်ဖတ်” တို့ “သွားနေကြ” တို့ စာရင်းထဲမှာ ချိတ်ထားကြတယ်။ အခုဖတ်နေရင်းနဲ့ သတိထားမိလား။ကျွန်တော် သူ့ဆိုဒ်ကို ချိတ်လိုက်တာ။ ကဲ မပြောဘူးလား ... ကောင်းကောင်းသာရေး လင့်ခ်ချိတ်ကြပါတယ်ဆို။

Comments to other blogs

သူများ ဘလော့ဂ်တွေ သွားဖတ်ပါ။ သေချာဖတ်ကြည့်ပါ။ ကိုယ့်အတွက် တန်ဖိုးရှိတယ်ထင်ရင် ကော့မန့်ရေးခဲ့ပါ။ အပြန်အလှန်ဆွေးနွေးပါ။ အဲဒိလို ဆွေးနွေးနေတာကို (အဲ...ဆွေးနွေးတာနော် ဆဲတာမဟုတ်ဘူး။ အပြန်အလှန် ဆဲပြီး traffic ရတဲ့ဟာတွေလဲ ရှိတာပဲ) တစ်ခြား ဘလော့ဂ်လာဖတ်တဲ့သူတွေတွေ့ရင်းကနေ ခင်ဗျား ဘလော့ဂ်ကို ခင်ဗျားရေးထားတဲ့ သေချာပေါက် ကောမန့်လင့်ခ်ကနေ ဝင်လာလိမ့်မယ်။
  • ကောမန့်ရေးတဲ့ အခါမှာလဲ ဖြစ်နိုင်ရင် ကိုယ့်အမြင်လေး တတ်နိုင်သမျှ ပါအောင်ရေးပါ။ 
  • ကိုယ့်ရောင်းတဲ့ ပစ္စည်းတွေ သွားမရောင်းပါနဲ့ (ဥပမာ။ V!@GRA တို့ဘာတို့ပေါ့။ အဲဒါတွေကျတော့ spam ဖြစ်သွားပြီ)။ 
  • အဲဒိဘလော့ဂ်မှာ comment policy လေးတွေထားမထား ကြည့်ကြည့်ပါဦး။ ဥပမာဗျာ ကောမန့်ထဲမှာ လာပြီး ပစ္စည်းမရောင်းပါနဲ့။ လာရောင်းရင် ဖျက်ပစ်မယ်ဆိုပါက သင့် ပစ္စည်းရောင်းတဲ့ ကောမန့် မလုပ်ပါနဲ့။
  • ကောင်းတယ်” “သိပ်ကောင်းတယ်” “အို...အရမ်းကောင်းတာပဲ” ခဏခဏတော့ သွားမလုပ်နဲ့ပေါ့ဗျာ။ တော်ကြာ ရေးတဲ့သူလဲ စိတ်ပျက်သွားလိမ့်မယ်။ 
  • နောက် comment ပေးတဲ့အခါမှာ လင့်တွေ အများကြီး မချန်ခဲ့ပါနဲ့ဗျာ။ အဲဒါ့က ဇွတ်ပရိုမုတ် လုပ်တဲ့နည်းဆန်သွားပြီ။ ရေးထားတဲ့ ပို့စ်ကပြောချင်တာကတစ်ခြား ခင်ဗျားသွားရေးထားတဲ့ဟာက သူ့ပို့စ်နဲ့ လားလားမှ မဆိုင်တဲ့ “ဒိမှာဗျာ ... ကျုပ် ဒီပို့စ်ကြီးကို အကြီးအကျယ်ရေးထားတယ် လာဖတ်စမ်းပါဗျာ” ဆိုပြီး ပို့စ်တစ်ခုထက်မနည်းတဲ့ လင့်ခ်တွေ မထားခဲ့ပါနဲ့။ ကောင်း ဘူး... :)

Response back to your reader

ကိုယ့်ဘလော့ဂ်မှာ လာပြီး comment တွေကိုလဲ comment ပြန်ပါဦး။ comment တိုင်းကို လိုက်ပြန်နေရစရာမလိုပါဘူး။ သူတို့ပြန်လာဖတ်လို့ reply လုပ်ထားတာတွေ့ရင်လဲ စာဖတ်သူက ကျေနပ်ပြီး နောက်ထပ်လာချင်ပြန်ရော။

Join Forums

တကယ်ပါ။ Forum တွေမှာ မန်ဘာဝင်ကြည့်ပါ။ Forums community တွေဆီကလဲ visitor ရနိုင်ပါတယ်။ အဲဒိမှာ အကူအညီသွားတောင်းတာပဲဖြစ်ဖြစ်၊ အဲဒိမှာ ကိုယ်သိသမျှတွေ ကူညီပြောပြပေးတာဖြစ်ဖြစ်။ tutorial ရေးတာဖြစ်ဖြစ် အဲဒိကလူတွေ ကိုယ့်ဘလော့ဂ်ကို စိတ်ဝင်စားပြီး လာကြည့်ကြရင်းကနေ ကိုယ့်စာဖတ်ပရိတ်သတ်ဖြစ်လာပါတယ်။ ဖိုရမ်မှာလဲ ကိုယ့်ရဲ့ ဘလော့ဂ်လင့်ခ်လေးတွေ ထားဖို့တော့ မမေ့နဲ့ဦး။ ဒါကတော့ ကျွန်တော်သွားတဲ့ မြန်မာ ဖိုရမ် နှစ်ခုပါ။

Get good Template/Theme

ပိုက်ဆံပေးပြီး ဝယ်စရာ မလိုပါဘူး။ အလကားရတဲ့ template/theme တွေ အင်တာနက်မှာ အပုံလိုက်ပါ။ ဘလော့ဂ်ကို “လန်ထွက်နေအောင်” လုပ်ဖို့မလိုပါဘူး။ စာဖတ်ရတာ ရှင်းတယ်ဆိုရင ကောင်းပါပြီ။

Don't run Too many Ads

စာဖတ်သူတွေ လာပြီး ပြန်မလာတော့တဲ့ အကြောင်းတွေထဲမှာ သူလဲပါတယ်။ စာကနည်းနည်း ကြော်ငြာကများများ။ Popup တွေကော၊ Animation Advertisement တွေကော ရှုပ်ပွနေရင် စာဖတ်သူလဲ စိတ်လေသွားနိုင်တယ်။ (loading လဲလေးပါတယ်။ အထူးသဖြင့် လိပ် connection နဲ့လာတဲ့သူတွေဆို သေချင်တောင်စိတ်ပေါက်တယ်။) Ads မထားနဲ့လို့ မပြောဘူး။ သူ့နေရာနဲ့သူ တော်ရုံလောက် ထားရင်ကောင်းပါတယ်။

Post Regularly

များများရေးဖို့ မပြောပါဘူး။ မှန်မှန်ရေးပေါ့။ တစ်ရက်တစ်ခါပဲ တင်တင်။ တစ်ပါတ်တစ်ခါပဲတင်တင်၊ တစ်လတစ်ခါပဲတင်တင်။ ပုံမှန်လေးရေးပေးပေါ့။ လူတိုင်းက သူ့အလုပ်သူကိုယ်ဆီနဲ့ပါ။ မအားတဲ့အချိန်လဲရှိတာပေါ့။ ဒါပေမယ့် ပုံမှန်လေးရေးနိုင်ရင် ပိုကောင်းပါတယ်။

Post to your archive blog posts

Wiki style ပေါ့။ ကိုယ့် ပို့စ်အဟောင်းကို ပြန်ညွှန်းပေါ့။ အဲဒိလို ပြန်ညွှန်းတဲ့အတွက် စာဖတ်သူက အဲဒိပို့စ်ကိုလိုက်ဖတ်လို့ ကောင်းတယ်ထင်ရင် သူက တစ်နေရမှာ ပြန်ညွှန်းနိုင်တယ်။ နောက်တစ်ခုက အဲဒိလို လုပ်တဲ့အတွက် page views လဲတက်တာပေါ့။

Submit to Socials

ကိုယ်ရေးထားတဲ့ ပို့စ်ကောင်းတယ်ထင်ရင် digg တို့ delicious တို့ stumbleupon အစရှိသမျှ social bookmarking/news တွေမှာ တင်ပါ။ (မြန်မာလိုရေးရင်တော့ traffic ရဖို့ လမ်းမမြင်)

Submit your blog to Blog Directories and Search Engines

ကိုယ့်ဘလော့ဂ်ကိုလဲ blog directory တို့ search engine တွေမှာလဲ add ထားပေါ့။ Technorati, Blogcatalog, Google, Myanmar Blog Directory etc...

Memes

တော်တော်လုပ်ကြတယ်။ “ပထမဆုံးအချိန်များ” တို့ “အချစ်ဆိုတာ” တို့ “သင်မသိသေးသော ကျွန်တော့်အကြောင်း ၁၀ချက်” တို့ ဘာတို့ပေါ့။ သူများကို လင့်ခ်လုပ်ပြီး လိုက်အသိပေးပြီးတော့ ဇွတ်ရေးခိုင်း သူများပြန်ရေးလို့ “သူ့ပေါ့ သူ tag ထားလို့ ရေးရတာဆိုပြီး” ပို့စ်တင်လာရင် (အဲဒိ အနှီ ဘလော့ဂ်ပိုင်ရှင်ဆီမှာ စာဖတ်သူများများရှိရင်) “ရွှေ” ပဲ။

RSS + Email subscription

RSS တို့ Email subscription တို့က ဘလော့ဂ်လုပ်တွေ တော်တော်များများက သိပေမယ့် တစ်ချို့မသိတဲ့သူတွေရှိတယ်။ ကိုယ့်ဘလော့ဂ်မှာသူတို့တွေ ဖတ်ရအောင် လွယ်အောင် RSS တို့ email ကနေ တဆင့်ဖတ်လို့ရအောင် လုပ်ပေးပါ။ RSS ကို မြန်မာလို ရှင်းထားတာတော့ ရှိတယ်။ Email အတွက်တော့ Feedburner တို့ Feedblitz တို့သုံးပြီး ကိုယ့်ရဲ့ ဘလော့ဂ်မှာ ထားပေးပါ။ သူတို့တွေ email ကနေဖတ်ပြီး ကြိုက်လို့ သူငယ်ချင်းတွေကို အဲဒိပို့စ်တွေကို forward လုပ်လိုက်ရင် traffic ရဖို့ ကျိန်းသေပါတယ်။ RSS တို့ Email subscription တွေကိုလဲ မြင်သာတဲ့ နေရာမှာ ထားပေးဖို့ကလဲ အရေးကြီးပါတယ်။

Add signature in your email

ကိုယ့်ဘလော့ဂ်လင့်လေးတွေကို ကိုယ့် email signature လေးမှာထည့်ထားပေါ့။ ကိုယ့်မေးလ်ကိုရတဲ့သူများ ကိုယ့်ရဲဘလော့ဂ်လင့်ခ်လေးကို နှိပ်ကြည့်လိုက်လို့ရှိရင်လဲ traffic ရတာပဲ။

Make friends

ဘလော့ဂ်ရေးသူခြင်း ဝါသနာသူငယ်ချင်းတွေဖွဲ့ IM တွေထဲ အင်ဗိုက်လုပ်၊ ကိုယ်ပို့စ်ရေးပြီးတိုင် status မှာ ကိုယ့်ပို့စ်ကိုလင့်ထား။ ပြီးတော့ တကူးတက "hi! hello how you doing? check out my latest post! http://blahblahblah../blah.html" ဆိုပြီး copy paste လိုက်ပြီး ရှိသမျှလူတွေ လိုက်ပြော ... (ကြာရင် သေချာတယ် block လုပ်တဲ့ထဲ ထည့်ခံရမှာ) အလကားစတာပါ။ သူတို့နဲ့ ဘလော့ဂ်အတွေ့အကြုံ ဖလှယ်၊ ကိုယ်ရေးထားတဲ့ (သို့) ကိုယ်ကြိုက်တဲ့ ပို့စ်တွေ ဖလှယ်ပေါ့။

Offline promotion

Business Card လေးတွေမှာ ကိုယ့်ရဲ့ ဘလော့ဂ်လင့်ခ်ကို ထည့်ထားတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ့်ဘလော့ဂ်အကြောင်းကို သူငယ်ချင်းအပေါင်းအသင်း မိတ်ဆွေတွေကို ပြောပြပြီး လာရောက်ဖတ်ရှုခိုင်းပေါ့။

The End and I need your feedback

ရေးချင်တာကတော့ များပါတယ်။ Information overload လဲ ဖြစ်သွားမှာလဲ စိုးရိမ်တယ်။ ပြီးတော့ ရိုက်ရတာလဲ လက်လဲညောင်းနေပြီ။ စာရေးတာ သိပ်မကောင်းတော့ ဖျက်လိုက် ပြန်ပြင်လိုက်နဲ့ အချိန်လဲ တော်တော်ပေးလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုနည်းတွေနဲ့ traffic ရနိုင်တာကို သိသွားရင် ရေးရကျိုးနပ်ပါပြီ။ သြော် ဒါနဲ့ ... ဒီပို့စ်ကို ဝင်ကြည့်မိသူများ၊ RSS ထဲကနေ ကြည့်နေသူများ၊ Email ကနေဖတ်မိသူများ၊ ဘယ်လို နည်းတွေနဲ့ traffic တက်အောင်လုပ်သွားကြလဲ comment ထဲမှာ share ခဲ့ကြပါနော်။ နော်...လို့ ... :)

Life on Rails and Future

November 8, 2008
1 comments

ပြီးခဲ့တဲ့လက မြန်မာပြည် ပြန်တုန်း ရထားပေါ်ကနေ ရိုက်ထားတဲ့ ပုံတစ်ချို့ပါ။ အပြုံးမပျက်တဲ့ သူတို့လေးတွေမြင်တော့ စိတ်ထဲမှာ တစ်မျိုးပါပဲ။ ဒီအရွယ်တွေဟာ ကျောင်းထဲမှာ ပျော်ပျော်ပါးပါး စာသင်နေရမယ့် အချိန်ပါ။ ဒီလိုကလေးမျိုးတွေထဲမှာမှ နောင်အနာဂါတ်မှာ Engineer တွေ သိပ္ပံပညာရှင်တွေ ဖြစ်နိုင်တဲ့ အရည်အချင်းရှိတဲ့ ကလေးတွေ မပါဘူးလို့ မပြောနိုင်ပါဘူး။ ဒါပေမယ့် ဘဝပေး အခြေအနေအရ ဒီလိုဖြစ်နေရရှာတယ်။ သူတို့အတွက်လဲ စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှမတတ်နိုင်ပါဘူး။ ကလေးတွေရေ ... တစ်ချိန်မှာ မင်းတို့ ဘဝ သာယာလှပါပါစေလို့ ဆုတောင်းလိုက်ပါတယ်။


FriendFeed

ဒီ FriendFeed ကို သုံးဖြစ်တာကြာပါပြီ။ Twitter သုံးနေရင်းကနေ အဲဒါ့ကို သုံးဖြစ်သွားတာပါ။ FriendFeed က သင့်မှာ ရှိသမျှ social network တွေရဲ့ update နဲ့ activities တွေကို အချိန်အလိုက် ဆွဲယူထားတာပါ။ ဥပမာ ကိုယ့်ရဲ့ Twitter အကောင့်ရယ်၊ Pownce ရယ်၊ Flickr ရယ်၊ Youtube တို့ကို Add ထားတယ် ဆိုပါဆို့။  သင် Twitter လဲ update လုပ်ထားမယ်၊ Flickr မှာလဲ ပုံတင်လိုက်မယ်၊ YouTube မှာလဲ video တင်ပြီးပြီဆိုတာနဲ့ သင့် FriendFeed မှာ အဲဒိ update တွေကို မြင်ရပါလိမ့်မယ်။ FriendFeed မှာ တစ်ခြား user တွေကို subscribe လုပ်ထားရင်လဲ သူတို့တွေရဲ့ update နဲ့ activites တွေ မြင်ရမှာဖြစ်ပါတယ်။ FriendFeed မှာ email notification ပါတဲ့အတွက် တစ်ရက်စာ update တွေကို email နဲ့ လက်ခံလို့ရတော့ အဆင်ပြေတာပေါ့။ အောက်က snapshot ကတော့ sample ပါ။ ကျွန်တော့် FriendFeed မှာ subscribe လုပ်ထားတဲ့ Myat Min HanWai Phyo Kyaw နဲ့ May Hnin Phyu တို့ရဲ့ activities တွေပါ။


FriendFeed မသုံးရသေးရင် သုံးကြည့်ဖို့ တိုက်တွန်းပါတယ်။ FriendFeed Account ရှိရင်လဲ ကျွန်တော့် account myochauhtun ကိုလဲ add နိုင်ပါတယ်။

Note: FriendFeed မှာ ယနေ့ နာမည်ကြီးနေတဲ့ social network services တော်တော်များများ support လုပ်ပါတယ် 

Short note: Redesigned

ဒီ blogspot မှာ မရေးဖြစ်တာ တော်တော်ကြာသွားပြီ။ မရေးဖြစ်တာကလဲ အကြောင်းအမျိုးမျိုးကြောင့်ပဲ။ အခုတလော မြန်မာလိုလဲ ပြန်ရေးချင်တဲ့ စိတ်ကပေါ်လာတာရယ်။ နဂိုလုပ်ထားတဲ့ template ကိုလဲပြောင်းချင်တာလဲပါတာရယ် template အသစ်လုပ်ဖြစ်သွားတယ်။ ညစာစားပြီးကတည်းက ထိုင် ကလိလိုက်တာ အချိန် နှစ်နာရီကျော်ကျော်ပေးလိုက်ရတယ်။ ဒါပေမယ့် ကိုယ်လုပ်ချင်တဲ့ ပုံစံလေး ဖြစ်လာတော့ စိတ်ထဲမှာ ကျေနပ်သွားတယ်။ ဘယ်အရောင်တွေ သုံးသင့်တယ်ဆိုတာကို ပြောပြတဲ့ အစ်ကိုကြီးကိုလဲ ကျေးဇူးပဲ။ :)

New Design

VoxOx

လတ်တလော စမ်းဖြစ်တဲ့ software တစ်ခုပါ။ VoxOx လို့ ခေါ်ပါတယ်။ သူ့ကိုသုံးပြီး ကျွန်တော်တို့သုံးနေတဲ့ gTalk, MSN, Yahoo!, ICQ, AIM နဲ့ Jabber account တွေထဲက သူငယ်ချင်း မိတ်ဆွေတွေကို တစ်နေရာထဲကနေ chat လို့ရပါတယ်။ Social network တွေဖြစ်တဲ့ Facebook, Youtube, LinkedIn နဲ့ Myspace တွေကို Voxox ကနေ update လုပ်လို့ရပါတယ်။ Yahoo!, Live mail, Gmail နဲ့ AOL က မေးလ်တွေကိုလဲ VoxOx ကနေ check လို့ရပါတယ်။ နောက် ဖုန်းခေါ်တာလဲ လုပ်လို့ရပါသေးတယ်။ လောလောဆယ်တော့ social network တွေထဲမှာ facebook တစ်မျိုးတည်း နဲ့ Yahoo! Mail တစ်မျိုးတည်းကိုသာ သုံးလို့ရပါသေးတယ်။ Account register လုပ်ဖို့လိုပြီး နှစ်နာရီ international call လုပ်လို့ရပါတယ်။ သူငယ်ချင်းတစ်ချို့ကို စမ်းခေါ်ကြည့်တာ အဆင်ပြေပြီး မြန်မာပြည်ကို ၂ မိနစ်ကျော်ကျော်လေးသာ ခေါ်လိုက်ရပါတယ်။ credit က ကုန်သွားပါတယ်။ ဘယ်လိုများ တွက်လဲမသိဘူး။ နောက်တစ်ခုက သင့်အတွက် VoxOx phone no ပါ။ account ကို activate လုပ်ပြီးတာနဲ့ နံပါတ်ရပါတယ်။ Login လုပ်ပြီး စက်သာဖွင့်ထား အဲဒိနံပါတ်ကို ကြိုက်တဲ့နေရာကနေ ခေါ်။ အဲဒိ ဖွင့်ထားတဲ့ စက်ကနေ ပြောလို့ရပါတယ်။ အခု support မဖြစ်သေးတဲ့ feature တွေ သုံးလို့ရရင်တော့ အတိုင်းထက်အလွန်ပေါ့။

Another Myanmar Internet Hoax

November 7, 2008
0 comments
အခုတလော Hoax တစ်ခု email တွေမှာ ပြန့်နေတယ်။ မနက်မိုးလင်း email ကို ဖွင့်ကြည့်တိုင်း အဲဒိ့ forward email လာနေတော့ စိတ်ပျက်လာတယ်။ ပို့တဲ့သူတွေကလည်း ကိုယ့်သူငယ်ချင်းတွေထဲက သူတို့ကလည်း စိတ်ပူပြီး ပို့တာဆိုတော့လဲ ဘာမှမပြောချင်ဘူး။ အဲဒိ့ hoax ကလည်း အခု ထိုင်းနိုင်ငံနဲ့ ပါတ်သက်တဲ့ ကိစ္စ တစ်ခုပါ။ Email ကလည်း စာနဲ့ မဟုတ်ပဲ attachment နဲ့ လာတာပါ။ attachment မှာ ပါတဲ့ စာတွေက အောက်ကဖော်ပြထားတဲ့အတိုင်းပဲ။
ကိုယ် မသိသော ဖုန်းနံပါတ်များ ဆယ်သွယ်လာရင် ထူးခြားချက်ကို အထူး သတိထားပြီးမှ လက်ခံ နားထောင်ခြင်း ပြုပါရန်

ယနေ့ နေ့လယ် တစ်နာရီ ခန့်တွင် ကြားသိရသော သတင်းတစ်ရပ် အရ ထိုင်းနိုင်ငံမှာ ခုလောလောဆယ် 08666 ... အစချီတဲ့ နံပါတ် ၁၃ လုံးပါတဲ့ ဖုန်း တစ် call လူတွေကို လိုက်ဆယ်နေပါတယ်တဲ့ နံပါတ်က အနီရောင် စာလုံးနဲ့ ပေါ်တယ်တဲ့ ... ခုချိန်ထိ သိရသလောက် နားထောင်သူ လေးယောက် လေးနာရီ အတွင်း သေတယ်တဲ့ high frequency transciver လှိုင်းကြောင့် အာရုံကြော ထိခိုက်ပြီး သေတာတဲ့ ... ဒါကြောင့် ကိုယ်မသိသော ဖုန်းများ ကိုယ့်ကို ခေါ်ဆို ဆက်သွယ် လာရင် အထူးသတိထားပြီး ထူးခြားချက် လေးတွေ မရှိမှ လက်ခံ နားထောင်ပါရန်၊ ပိုကောင်းတာက ကိုယ်နဲ့ မသိသေးတဲ့ တစ်စုံတစ်ယောက် ဖုန်းမဆက်ခင် မေးလ်ပို့ မိတ်ဆက်ပေးရန် သို့မဟုတ် မိတ်ဆက်ပေးသူထံမှ ဖုန်းနံပါတ် အရင် တောင်းယူထားရန် သတိပေးချင်ပါတယ်ရှင့် ... ဘေးကင်းကြပါစေ ...

(ဒီနည်းနဲ့ ရက်စက်သူများကို လူလို့ မသတ်မှတ်လို့ ဘာမှ မပြောချင်ပါ)

ဆက်လက်ဝေပေးပါ။
ဖတ်ဖတ်ခြင်း နဲနဲတော့ ကြောင်သွားတယ်။ နောက် ကိုယ့်ဖုန်းနံပါတ်ကို ပြန်ရေကြည့်တော့ ၁၀ လုံးပဲရှိတယ်။ ဒီနိုင်ငံမှာ ဖုန်းနံပါတ် ၁၃ လုံးရှိတာ ရောက်ကတည်းက တစ်ခါမှ မကြားဖူးသေးဘူး။ 08666 ... blah blah ... အဲ ကျွန်တော့် အစ်ကိုရဲ့ ဖုန်းနံပါတ် တစ်ခုကလဲ ၀၈၆၆၆ နဲ့ စတယ်။ နောက် သူငယ်ချင်း တစ်ယောက်ဟာကလည်း ၀၈၆၆၆ ... နဲ့ပဲ။ နောက်တစ်ခု နံပါတ်က အနီရောင် နဲ့ ပေါ်တယ်တဲ့။ ဟုတ်သေးပါဘူး ... ဘယ်ဖုန်းက ထူးထူးခြားခြား အရောင်တွေ ပြောင်းပြီး ပြပါ့မလဲ။ black and white ပဲ display လုပ်တဲ့ ဖုန်းတွေဆို ဘယ်လိုလုပ် ပေါ်မှာလဲ။ ပြီးတော့လည်း frequency ကြောင့်လူတွေလဲ သေတာတွေ ပါလာတယ်။ ဒီနိုင်ငံမှာ အဲဒိလို ထူးထူးဆန်းဆန်း ဖြစ်လို့ကတော့ သတင်းတွေက သတိပေးမှာပါ။

အလဲ့ ... နောက်ဆုံး စာကြောင်းလေးက တော်တော်လာသား။
(ဒီနည်းနဲ့ ရက်စက်သူများကို လူလို့ မသတ်မှတ်လို့ ဘာမှ မပြောချင်ပါ)
ဆက်လက်ဝေပေးပါ။
မပြောချင်လဲ မပြောနဲ့ဗျာ။ ဒီလို Hoax နည်းနဲ့ နှိပ်စက်တာကျတော့ လူလို့ သတ်မှတ်ဦးမလား။ ဆက်တော့ မဝေတော့ဘူးဗျာ။ ဒီအတိုင်းလေးပဲ ထားလိုက်တယ်။ ပလိုဂျိ ... ကွိ