မှတ်မှတ်ရရ ၂၀၀၁ ခုနှစ် ၁၀တန်းပြီးခါစ ယောင် ၆၀ ဖြစ်နေတဲ့ အချိန်အခါမှာပါ။ (ဒါကတော့ ရွာရဲ့ ထုံးတမ်းစဉ်လာလို ဖြစ်နေပါပြီ။) အစ်ကို အဆွယ်ကောင်းတာနဲ့ ကွန်ပြူတာဆိုတာကို လေ့လာဖြစ်တယ်။ နဂိုကလည်း စိတ်ဝင်စားပါတယ်။ ၉တန်းတုန်းက သူ့ကွန်ပြူတာကို မသုံးဖြစ်တဲ့အချိန်မှာ DOS ဂိမ်းတွေဖြစ်တဲ့ Mario တို့ PAC man တို့ ဆော့ဖြစ်တယ်။ ဒီလိုနဲ့ သင်တန်းတက်တာ ပျင်းတဲ့ ကျွန်တော် သူ့ဆီက စာအုပ်တွေဖတ်ပြီး လုပ်ဖြစ်ပါတယ်။ စစခြင်းတော့ အခြေခံ Office ပေါ့။ နောက် အစ်ကိုက programming လုပ်ကြည့်ပါလားလို့ ပြောတာနဲ့ Visual Basic ဆိုတဲ့ VB ကို လုပ်ဖြစ်သွားတယ်။ နဂါးစာပေကနေ ဦးအောင်မြင့် ရေးသားတဲ့ Visual Basic ဆိုတဲ့ စာအုပ်ကနေ စလုပ်ဖြစ်တယ်။ နောက်ပြီးတော့ ကိုတိုးပေးတဲ့ Deital & Deital ရဲ့
Visual Basic 6 how to program ဆိုတဲ့ စာအုပ်ဖတ်ဖြစ်ခဲ့တယ်။ အစ်ကိုကပဲ သူ့သူငယ်ချင်း တစ်ယောက်ဆီမှာ အပ်ပေးတယ်။ ကျွန်တော်တို့ သူ့ကို “ကိုနောင်” လို့ပဲ ခေါ်ကြတယ်။ သူ့ဆီကနေလဲ ပညာတော်တော်များများ ရလိုက်ပါတယ်။ ကျွန်တော့်ရဲ့ ပထမဦးဆုံး သင်ဆရာပေါ့။ အဲ့ဒိက ပြီးတော့ e-book တွေ စာအုပ်တွေ မရမက ရှာပြီး လုပ်ဖြစ်တယ်။ String တွေကို စိတ်ဝင်စားလို့ လေ့လာရင်းကနေ typing tutor အသေးစားလေး တစ်ခု လုပ်ဖြစ်သွားခဲ့တယ်။ နာမည်က “စိန်မျောက်မျောက်” တဲ့။ :D
ကွန်ပြူတာ တက္ကသိုလ် တက်ခွင့်ရတယ်။ ကျောင်းမှာ Pseudo ကိုသင်ရတယ်။ အဲဒိကတဆင့် C, C++ တွေကို သင်ခဲ့ရတယ်။ ကျောင်းတက်နေတုန်းမှာလဲ VB ကို မျက်ချည် မပြတ်ခဲ့ပါဘူး။
Visual C++ ကို စိတ်ဝင်စားခဲ့ပါတယ်။ အဓိက အကြောင်းအရင်းက windows software တော်တော်များများက VC++ နဲ့ ရေးထားလို့ပါ။ ဒါပေမယ့် နှိုက်နှိုက်ချွတ်ချွတ် လေ့လာချင့်တော့ resource နဲ့ စာအုပ်တွေကို ကောင်းကောင်းရှာမတွေ့ခဲ့ပါဘူး။ စာအုပ်တွေလဲ မမှာရဲဘူး။ အပြင်က ပို့သမျှ ငဘုံး တွေလက်ထဲပဲ ရောက်သွားတာကြောင့်လဲ မမှာရဲတော့တာလဲပါတယ်။ အဲ့ဒိ့အတွက် VC++ ကို တော်ရုံသင့်ရုံသာ လေ့လာခဲ့တယ်။
နောက် ကျောင်းပိတ်တုန်း ရန်ကုန်မှာ နေဖြစ်တယ်။ ရန်ကုန်ရောက်တော့ ကို Ravi နဲ့တွေ့ပြီး သူ့ရဲ့ တိုက်တွန်းချက်အရ web လိုင်းကို ပြောင်းကြည့်တယ်။ အစတော့ HTML, CSS နဲ့ javascript ပေါ့။ နောက် ASP ကို လုပ်ဖြစ်သွားတယ်။ ASP နဲ့ friend တွေ add၊ message တွေပို့၊ ပုံတွေတင်၊ bulletin တွေရေးနိုင်တဲ့ application တစ်ခုရေးနိုင်ခဲ့တယ်။ (အသေးစားလေးပါ)
အချိန်ပိုင်း သင်တဲ့ အလုပ်ရခဲ့တယ်။ Visual Basic ပါ။ ဘာသာရပ် တစ်ခုကို ကျွမ်းတယ်ဆိုတာ ကိုယ့်ကိုယ်ကို နားလည်အောင်တင် မဟုတ်ဘူး။ သူများကိုလဲ နားလည်အောင် ပြောနိုင်ရမယ်ဆိုတဲ့ အသိရခဲ့တယ်။
ကိုတိုးရဲ့ တိုက်တွန်းချက်နဲ့ပါပဲ။ PHP, MYSQL နဲ့ Flash Actionscript လေ့လာဖြစ်သွားတယ်။ သူ့ဆီက PHP နဲ့ ပါတ်သက်တဲ့ resource တွေကြောင့် PHP ကို တော်တော်လေး ကြိုက်သွားတယ်။ ဒီလိုနဲ့ပဲ web လိုင်းကို ကြောင်တောင်တောင် နဲ့ ဝင်လာခဲ့တယ်။
AJAX ခေတ်ထတော့ လုပ်ကြည့်ခဲ့ပါတယ်။ XML + HTML + server side language + javascript တွေရဲ့ လှပမှုကြောင့် AJAX ကိုလဲ ရူးသွပ်ခဲ့တယ်။
LAMP ! ကို Ravi ပါပဲ။ သူ့ရဲ့ မိတ်ဆက်ပေးမှုကြောင့် Linux , Apache, Mysql, PHP, Python ကို စကိုင်ခဲ့တယ်။ Perl ကိုတော့ မလုပ်ဖြစ်ခဲ့ပါဘူး။ Open source ရဲ့ အရသာကို စတင် သိခွင့်ရခဲ့တယ်။
အခုအချိန်မှာတော့ Python, Ruby လုပ်နေပါတယ်။ .NET ကိုလည်း ပြန်ကိုင်နေပါတယ်။
ဒီနှစ်မှာတော့ certificate တစ်ခုခုလောက်တော့ ရှိမှ ဖြစ်မယ် ဆိုတဲ့ အသိဝင်နေပါတယ်။ .NET ရေ ကျွန်တော် ခင်ဗျားဆီ ပြန်လာနေပါပြီ။
By the way, All I know is I know nothing ပေါ့။