Myo Kyaw Htun

Missing the old days in University

December 2, 2008
ကွန်ပြူတာ တက္ကသိုလ်တက်တုန်းက သူငယ်ချင်းနဲ့ Friendster ကနေ တဆင့် အဆက်အသွယ် ပြန်ရခဲ့တယ်။ ထုံးစံအတိုင်း “နင့်ကို Gmail ထဲမှာ နင့်နာမည် တွေ့လို ဆိုဒ်ကြည့်ရင်းနဲ့က add ထားလိုက်တာ accept လဲ မလုပ်ဘူးတဲ့။ အခုလဲ Friendster မှာ သူငယ်ချင်းတွေ သတိရလို့ ကြည့်ရင်းနဲ့ နင့်ကို message ပို့လို့မှ  reply ပြန်ရတယ်” တဲ့... သူ့ကို gTalk မှာ Add ပြီး ကျောင်းက အကြောင်းတွေပြော၊ သူငယ်ချင်းတွေ အကြောင်းတွေပြော ဘယ်သူကဖြင့် ဘယ်မှာ၊ ဘယ်သူ ကဖြင့် အိမ်ထောင်ကျသွားပြီ၊ ကလေးက ဘယ်နှစ်ယောက်နဲ့ စသဖြင့် အတင်းတုတ် အဲ ရှေးဟောင်းနှောင်းဖြစ် လက်ရှိအခြေအနေတွေ ပြောဖြစ်သွားတာကြောင့် ကျောင်းတက်နေတုန်းက အချိန်တွေကို ပြန်သတိရမိတယ်။ သူကော ကိုယ်ကော အဲဒိအချိန်တွေကို ပြန်လွမ်းမိတဲ့အကြောင်း ပြောဖြစ်ကြတယ်။ သူ့ဆီကလဲ တစ်ခြား အဆက်အသွယ်ပြတ်နေတဲ့ သူတွေဆီက gmail id တွေရခဲ့တယ်။ ကျေးဇူးပါပဲ သူငယ်ချင်းရေ ... အခုလို ဒီဇင်ဘာမှာ အဲဒိအကြောင်းလေးတွေ ပြန်ပြောရတာလဲ ခံစားမှုတစ်ခုပါပဲ ... ပြန်မရနိုင်တော့တဲ့ ခံစားမှုမျိုးပေါ့။

0 comments:

Post a Comment

Thank you for commenting in Myo Kyaw Htun - Personal Blog