Myo Kyaw Htun

Simple ways to get readers for your blog

November 12, 2008
ဘလော့ဂ်စရေးတဲ့ လူတိုင်း အမှားတော်တော်များများ လုပ်ကြတယ်။ တကယ့် pro ရေးနေတဲ့သူတွေလဲ သူ့တို့အတွေ့အကြုံတွေကနေ သူတို့အမှားတွေကို ဖွင့်ပြောကြတယ်။ ဒီပို့စ်ကတော့ အမှားတွေ အကြောင်းမဟုတ်ပါဘူး။ စာဖတ်သူတိုးအောင်တစ်နည်းအားဖြင့် site traffic တက်အောင် ဘလော့ဂ်ရေးသူတွေ (blogger တွေ) တော်တော်များများ လုပ်ကြတဲ့ နည်းတွေပါ။ ဖတ်မိသမျှ မှတ်သားမိသမျှလေးတွေ စုပြီး ဖေါ်ပြလိုက်ပါတယ်။

Content is the King

ဒါကတော့ ဘလော့ဂ်ရေးတဲ့သူတိုင်းပြောကြတဲ့ စကားပဲ။ မှန်ပါတယ်။ ကိုယ့်ဘလော့ဂ်မှာ ကိုယ်ရေးထားတဲ့ ပို့စ်တွေကောင်းမှပဲ လာဖတ်ကြမှပေါ့။ ပို့စ်ကောင်းတွေဆိုတာ ဘယ်လိုကို ဆိုလိုတာလဲ၊ သူတို့အတွက် တစ်ခုခုကျန်သွားစေတဲ့ စာမျိုးတွေကို ဆိုလိုတာပါ။ ဒါဆိုရင် သူတို့ဆိုတဲ့ ဘလော့ဂ်ဖတ်သူတွေက ဘာကို စိတ်ဝင်စားတာလဲ? ရသလား၊ သုတလား၊ ကဗျာလား၊ သီချင်းလား၊ ရုပ်ရှင်အကြောင်းလား၊ ဘဝအကြောင်းလား၊ ကာတွန်းလား၊ ဟာသလား၊ နည်းပညာလား။ကိုယ့်စာဖတ်ပရိတ်သတ်အများစု ဘာစိတ်ဝင်စားတယ်ဆိုတာ သူတို့ရဲ့ Feedback ဆိုတဲ့ comment တွေကနေ analyze လုပ်လို့ရပါတယ်။ ကိုယ့်စာဖတ် ပရိတ်သတ်က ကိစ္စတော်တော်များများ စိတ်ဝင်စားတယ်ဆိုရင်တော့ သိပ်ကောင်းတာပေါ့။ အဲဒိအချိန်ကျရင် အကုန်လုံးသာ ရေးဗျာ။

Give time for your blog

ဘယ်ကိစ္စဖြစ်ဖြစ်မှာပဲ တစ်ခုခုကို ဖြစ်အောင်လုပ်ချင်ရင် အဲဒိအတွက် “အချိန်” ဆိုတာပေးရပါတယ်။ ချက်ခြင်း အုန်းခနဲ ထုန်းခနဲ တစ်ရက်တည်းနဲ့ ရေးပြီး ဘယ်လိုမှတော့ ကိုယ်ရည်မှန်းထားတဲ့ ဟာဖြစ်မလာပါဘူး။ အဲဒိလို blog လေးတွေရှိပါတယ်။ visitor ထောင်သောင်းသိန်းချီရလာရင်လဲ ခဏပါပဲ။ အထက်က စာကောင်းတွေမရှိရင် နဂိုပုံစံပြန်ရောက်သွားမှာပါ။ အဲဒိအတွက် “အချိန်” ပေးပါ။ တွေးဖို့ “အချိန်” ပေးပါ။ ရေးဖို့ “အချိန်” ပေးပါ။

Link to others

တွေ့တဲ့ ဘလော့ဂ်တိုင်းကို လင့်ခ်ချိတ်ဖို့ မဆိုလိုပါဘူး။ ကိုယ်ဖတ်လေ့ရှိတဲ့ ဘလော့ဂ်လေးတွေကို လင့်ခ်ချိတ်ကြည့်ပေါ့။ လင့်ချိတ်တဲ့နေရာမှာလဲ မူရင်းမိန်းဘလော့ဂ်လင့်ခ်ကို ချိတ်သလို သူရေးထားတဲ့ ပို့စ်ရဲ့ လင့်ခ်ကိုလဲ ချိတ်တာလဲပါပါတယ်။ အဲဒိ ကိုယ်ချိတ်တဲ့ blog ပိုင်ရှင်က သူ့ကို လင့်ခ်ထားတာ သိလို့ရှိလို့ (သိစေတဲ့ နည်းတွေကလဲ အများကြီးပါ၊ Technorati တို့ site analytics တွေကနေ referral ကိုကြည့်ရင်သိပါတယ်) ကိုယ့်ဆိုဒ်လာကြည့်လို့ ဆိုဒ်မှာ ခုန စာကောင်းလေးများရှိလို့သူဆိုဒ်မှာ ပို့စ်တင်ပြီး ပြန်ညွှန်းရင် သူ့ဆီက visitor တွေ ဝင်လာကြမှာပါ။

Get the link from other blogs

ဒါကတော့ ဟိုဖက်ကပေါ့။ ကိုယ့်ဘလော့ဂ်ကို ကြိုက်တဲ့သူတွေ သူတို့တွေရဲ့ ဘလော့ဂ်မှာ လင့်ချိတ်ကြမှာပါ။ ဇွတ်အတင်းကြီး မျက်နှာပြောင်တိုက်ပြီး လိုက်ချိတ်ခိုင်းလဲ ရတာပဲ။ “ကျုပ် ဘလော့ဂ်လင့်ခ်လေး ချိတ်ပေးပါဂျာ... အီးးး ဝါးးး” ဆိုပြီး ရိုးရိုး ပြောမရရင် ငိုပြောပေါ့။ ဒီလိုနည်းနဲ့လဲ့ သူတို့ဆိုဒ်မှာ လာကြည့်တဲ့သူတွေ ကိုယ့်ဆီကို ရောက်လာနိုင်ပါတယ်။ ဥပမာဗျာ ... ကိုညီလင်းဆက် ဘလော့ဂ်ကို ကျွန်တော်တို့ မြန်မာဘလော့ဂ်ရေးသူတွေ တော်တော်များများ ချိတ်ကြတယ်။ ဘာကြောင့်လဲ ရှင်းရှင်းလေး၊ သူစာကောင်းတွေရေးတယ်။ လာကြည့်တဲ့သူတွေ တစ်ခုခုကျန်အောင် သူအချိန်ပေးပြီး ရေးတယ်။ ဒါကြောင့် သူ့ ဘလော့ဂ်ကို “နေ့စဉ်ဖတ်” တို့ “သွားနေကြ” တို့ စာရင်းထဲမှာ ချိတ်ထားကြတယ်။ အခုဖတ်နေရင်းနဲ့ သတိထားမိလား။ကျွန်တော် သူ့ဆိုဒ်ကို ချိတ်လိုက်တာ။ ကဲ မပြောဘူးလား ... ကောင်းကောင်းသာရေး လင့်ခ်ချိတ်ကြပါတယ်ဆို။

Comments to other blogs

သူများ ဘလော့ဂ်တွေ သွားဖတ်ပါ။ သေချာဖတ်ကြည့်ပါ။ ကိုယ့်အတွက် တန်ဖိုးရှိတယ်ထင်ရင် ကော့မန့်ရေးခဲ့ပါ။ အပြန်အလှန်ဆွေးနွေးပါ။ အဲဒိလို ဆွေးနွေးနေတာကို (အဲ...ဆွေးနွေးတာနော် ဆဲတာမဟုတ်ဘူး။ အပြန်အလှန် ဆဲပြီး traffic ရတဲ့ဟာတွေလဲ ရှိတာပဲ) တစ်ခြား ဘလော့ဂ်လာဖတ်တဲ့သူတွေတွေ့ရင်းကနေ ခင်ဗျား ဘလော့ဂ်ကို ခင်ဗျားရေးထားတဲ့ သေချာပေါက် ကောမန့်လင့်ခ်ကနေ ဝင်လာလိမ့်မယ်။
  • ကောမန့်ရေးတဲ့ အခါမှာလဲ ဖြစ်နိုင်ရင် ကိုယ့်အမြင်လေး တတ်နိုင်သမျှ ပါအောင်ရေးပါ။ 
  • ကိုယ့်ရောင်းတဲ့ ပစ္စည်းတွေ သွားမရောင်းပါနဲ့ (ဥပမာ။ V!@GRA တို့ဘာတို့ပေါ့။ အဲဒါတွေကျတော့ spam ဖြစ်သွားပြီ)။ 
  • အဲဒိဘလော့ဂ်မှာ comment policy လေးတွေထားမထား ကြည့်ကြည့်ပါဦး။ ဥပမာဗျာ ကောမန့်ထဲမှာ လာပြီး ပစ္စည်းမရောင်းပါနဲ့။ လာရောင်းရင် ဖျက်ပစ်မယ်ဆိုပါက သင့် ပစ္စည်းရောင်းတဲ့ ကောမန့် မလုပ်ပါနဲ့။
  • ကောင်းတယ်” “သိပ်ကောင်းတယ်” “အို...အရမ်းကောင်းတာပဲ” ခဏခဏတော့ သွားမလုပ်နဲ့ပေါ့ဗျာ။ တော်ကြာ ရေးတဲ့သူလဲ စိတ်ပျက်သွားလိမ့်မယ်။ 
  • နောက် comment ပေးတဲ့အခါမှာ လင့်တွေ အများကြီး မချန်ခဲ့ပါနဲ့ဗျာ။ အဲဒါ့က ဇွတ်ပရိုမုတ် လုပ်တဲ့နည်းဆန်သွားပြီ။ ရေးထားတဲ့ ပို့စ်ကပြောချင်တာကတစ်ခြား ခင်ဗျားသွားရေးထားတဲ့ဟာက သူ့ပို့စ်နဲ့ လားလားမှ မဆိုင်တဲ့ “ဒိမှာဗျာ ... ကျုပ် ဒီပို့စ်ကြီးကို အကြီးအကျယ်ရေးထားတယ် လာဖတ်စမ်းပါဗျာ” ဆိုပြီး ပို့စ်တစ်ခုထက်မနည်းတဲ့ လင့်ခ်တွေ မထားခဲ့ပါနဲ့။ ကောင်း ဘူး... :)

Response back to your reader

ကိုယ့်ဘလော့ဂ်မှာ လာပြီး comment တွေကိုလဲ comment ပြန်ပါဦး။ comment တိုင်းကို လိုက်ပြန်နေရစရာမလိုပါဘူး။ သူတို့ပြန်လာဖတ်လို့ reply လုပ်ထားတာတွေ့ရင်လဲ စာဖတ်သူက ကျေနပ်ပြီး နောက်ထပ်လာချင်ပြန်ရော။

Join Forums

တကယ်ပါ။ Forum တွေမှာ မန်ဘာဝင်ကြည့်ပါ။ Forums community တွေဆီကလဲ visitor ရနိုင်ပါတယ်။ အဲဒိမှာ အကူအညီသွားတောင်းတာပဲဖြစ်ဖြစ်၊ အဲဒိမှာ ကိုယ်သိသမျှတွေ ကူညီပြောပြပေးတာဖြစ်ဖြစ်။ tutorial ရေးတာဖြစ်ဖြစ် အဲဒိကလူတွေ ကိုယ့်ဘလော့ဂ်ကို စိတ်ဝင်စားပြီး လာကြည့်ကြရင်းကနေ ကိုယ့်စာဖတ်ပရိတ်သတ်ဖြစ်လာပါတယ်။ ဖိုရမ်မှာလဲ ကိုယ့်ရဲ့ ဘလော့ဂ်လင့်ခ်လေးတွေ ထားဖို့တော့ မမေ့နဲ့ဦး။ ဒါကတော့ ကျွန်တော်သွားတဲ့ မြန်မာ ဖိုရမ် နှစ်ခုပါ။

Get good Template/Theme

ပိုက်ဆံပေးပြီး ဝယ်စရာ မလိုပါဘူး။ အလကားရတဲ့ template/theme တွေ အင်တာနက်မှာ အပုံလိုက်ပါ။ ဘလော့ဂ်ကို “လန်ထွက်နေအောင်” လုပ်ဖို့မလိုပါဘူး။ စာဖတ်ရတာ ရှင်းတယ်ဆိုရင ကောင်းပါပြီ။

Don't run Too many Ads

စာဖတ်သူတွေ လာပြီး ပြန်မလာတော့တဲ့ အကြောင်းတွေထဲမှာ သူလဲပါတယ်။ စာကနည်းနည်း ကြော်ငြာကများများ။ Popup တွေကော၊ Animation Advertisement တွေကော ရှုပ်ပွနေရင် စာဖတ်သူလဲ စိတ်လေသွားနိုင်တယ်။ (loading လဲလေးပါတယ်။ အထူးသဖြင့် လိပ် connection နဲ့လာတဲ့သူတွေဆို သေချင်တောင်စိတ်ပေါက်တယ်။) Ads မထားနဲ့လို့ မပြောဘူး။ သူ့နေရာနဲ့သူ တော်ရုံလောက် ထားရင်ကောင်းပါတယ်။

Post Regularly

များများရေးဖို့ မပြောပါဘူး။ မှန်မှန်ရေးပေါ့။ တစ်ရက်တစ်ခါပဲ တင်တင်။ တစ်ပါတ်တစ်ခါပဲတင်တင်၊ တစ်လတစ်ခါပဲတင်တင်။ ပုံမှန်လေးရေးပေးပေါ့။ လူတိုင်းက သူ့အလုပ်သူကိုယ်ဆီနဲ့ပါ။ မအားတဲ့အချိန်လဲရှိတာပေါ့။ ဒါပေမယ့် ပုံမှန်လေးရေးနိုင်ရင် ပိုကောင်းပါတယ်။

Post to your archive blog posts

Wiki style ပေါ့။ ကိုယ့် ပို့စ်အဟောင်းကို ပြန်ညွှန်းပေါ့။ အဲဒိလို ပြန်ညွှန်းတဲ့အတွက် စာဖတ်သူက အဲဒိပို့စ်ကိုလိုက်ဖတ်လို့ ကောင်းတယ်ထင်ရင် သူက တစ်နေရမှာ ပြန်ညွှန်းနိုင်တယ်။ နောက်တစ်ခုက အဲဒိလို လုပ်တဲ့အတွက် page views လဲတက်တာပေါ့။

Submit to Socials

ကိုယ်ရေးထားတဲ့ ပို့စ်ကောင်းတယ်ထင်ရင် digg တို့ delicious တို့ stumbleupon အစရှိသမျှ social bookmarking/news တွေမှာ တင်ပါ။ (မြန်မာလိုရေးရင်တော့ traffic ရဖို့ လမ်းမမြင်)

Submit your blog to Blog Directories and Search Engines

ကိုယ့်ဘလော့ဂ်ကိုလဲ blog directory တို့ search engine တွေမှာလဲ add ထားပေါ့။ Technorati, Blogcatalog, Google, Myanmar Blog Directory etc...

Memes

တော်တော်လုပ်ကြတယ်။ “ပထမဆုံးအချိန်များ” တို့ “အချစ်ဆိုတာ” တို့ “သင်မသိသေးသော ကျွန်တော့်အကြောင်း ၁၀ချက်” တို့ ဘာတို့ပေါ့။ သူများကို လင့်ခ်လုပ်ပြီး လိုက်အသိပေးပြီးတော့ ဇွတ်ရေးခိုင်း သူများပြန်ရေးလို့ “သူ့ပေါ့ သူ tag ထားလို့ ရေးရတာဆိုပြီး” ပို့စ်တင်လာရင် (အဲဒိ အနှီ ဘလော့ဂ်ပိုင်ရှင်ဆီမှာ စာဖတ်သူများများရှိရင်) “ရွှေ” ပဲ။

RSS + Email subscription

RSS တို့ Email subscription တို့က ဘလော့ဂ်လုပ်တွေ တော်တော်များများက သိပေမယ့် တစ်ချို့မသိတဲ့သူတွေရှိတယ်။ ကိုယ့်ဘလော့ဂ်မှာသူတို့တွေ ဖတ်ရအောင် လွယ်အောင် RSS တို့ email ကနေ တဆင့်ဖတ်လို့ရအောင် လုပ်ပေးပါ။ RSS ကို မြန်မာလို ရှင်းထားတာတော့ ရှိတယ်။ Email အတွက်တော့ Feedburner တို့ Feedblitz တို့သုံးပြီး ကိုယ့်ရဲ့ ဘလော့ဂ်မှာ ထားပေးပါ။ သူတို့တွေ email ကနေဖတ်ပြီး ကြိုက်လို့ သူငယ်ချင်းတွေကို အဲဒိပို့စ်တွေကို forward လုပ်လိုက်ရင် traffic ရဖို့ ကျိန်းသေပါတယ်။ RSS တို့ Email subscription တွေကိုလဲ မြင်သာတဲ့ နေရာမှာ ထားပေးဖို့ကလဲ အရေးကြီးပါတယ်။

Add signature in your email

ကိုယ့်ဘလော့ဂ်လင့်လေးတွေကို ကိုယ့် email signature လေးမှာထည့်ထားပေါ့။ ကိုယ့်မေးလ်ကိုရတဲ့သူများ ကိုယ့်ရဲဘလော့ဂ်လင့်ခ်လေးကို နှိပ်ကြည့်လိုက်လို့ရှိရင်လဲ traffic ရတာပဲ။

Make friends

ဘလော့ဂ်ရေးသူခြင်း ဝါသနာသူငယ်ချင်းတွေဖွဲ့ IM တွေထဲ အင်ဗိုက်လုပ်၊ ကိုယ်ပို့စ်ရေးပြီးတိုင် status မှာ ကိုယ့်ပို့စ်ကိုလင့်ထား။ ပြီးတော့ တကူးတက "hi! hello how you doing? check out my latest post! http://blahblahblah../blah.html" ဆိုပြီး copy paste လိုက်ပြီး ရှိသမျှလူတွေ လိုက်ပြော ... (ကြာရင် သေချာတယ် block လုပ်တဲ့ထဲ ထည့်ခံရမှာ) အလကားစတာပါ။ သူတို့နဲ့ ဘလော့ဂ်အတွေ့အကြုံ ဖလှယ်၊ ကိုယ်ရေးထားတဲ့ (သို့) ကိုယ်ကြိုက်တဲ့ ပို့စ်တွေ ဖလှယ်ပေါ့။

Offline promotion

Business Card လေးတွေမှာ ကိုယ့်ရဲ့ ဘလော့ဂ်လင့်ခ်ကို ထည့်ထားတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ့်ဘလော့ဂ်အကြောင်းကို သူငယ်ချင်းအပေါင်းအသင်း မိတ်ဆွေတွေကို ပြောပြပြီး လာရောက်ဖတ်ရှုခိုင်းပေါ့။

The End and I need your feedback

ရေးချင်တာကတော့ များပါတယ်။ Information overload လဲ ဖြစ်သွားမှာလဲ စိုးရိမ်တယ်။ ပြီးတော့ ရိုက်ရတာလဲ လက်လဲညောင်းနေပြီ။ စာရေးတာ သိပ်မကောင်းတော့ ဖျက်လိုက် ပြန်ပြင်လိုက်နဲ့ အချိန်လဲ တော်တော်ပေးလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုနည်းတွေနဲ့ traffic ရနိုင်တာကို သိသွားရင် ရေးရကျိုးနပ်ပါပြီ။ သြော် ဒါနဲ့ ... ဒီပို့စ်ကို ဝင်ကြည့်မိသူများ၊ RSS ထဲကနေ ကြည့်နေသူများ၊ Email ကနေဖတ်မိသူများ၊ ဘယ်လို နည်းတွေနဲ့ traffic တက်အောင်လုပ်သွားကြလဲ comment ထဲမှာ share ခဲ့ကြပါနော်။ နော်...လို့ ... :)

6 comments:

mmhan said...

I guess you forgot to mention something.

Post something controversial and heat up the conversation.

Be sure to take a side and give your personal view on a level that a reader could relate to or argue to. Or else the blog will becomes a normal tabloid that you can get from any corner of the street.

Ko Paw said...

ရေးထားတာ ကွင်းကနဲ ထင်းကနဲ ရှိတယ်။ ဘလော့ဂါတွေအတွက် သေချာပေါက် အသုံးတဲ့မယ်။

အော့ဖ်လိုင်း ကြော်ငြာပုံနောက်တနည်းကတော့ ယာဟူး ဂရုပ် အီးမေးတွေထဲမှာ ကိုယ်က အကြောင်းအရာတခုကို အီးမေးပို့ရင် ကိုယ့်နာမည် ဆစ်ဂနေချာ အောက်မှာ ကိုယ့်ဘလော့ဂ်လင့်ခ်ကလေးထည့်တဲ့နည်း။ အဲသည် အီးမေးလ် ဂရုပ်မှာ လူ၃၀၀ ရှိရင် လူသုံးရာကို ကြော်ငြာပြီးသားဘဲ။

Nu Thwe said...

လာရောက်ဖတ်ရှု မှတ်သားသွားပါတယ်။ ဗဟုသုတ ဝေမျှတဲ့အတွက် ကျေးဇူးတင်ပါတယ်။

မောင်လူအေး said...

လူတွေ လတ်တလော ဘာသိချင်နေလဲ ဆိုတာကို လေ့လာပြီး ပြောပြ ရေးပြရင်လည်း ပို့စ်တက်သဗျ... ကျွန်တော့ ဘလော့မှာတော့ စင်္ကာပူ လက်ရှိ အလုပ်အကိုင် အခြေအနေ ဆိုတာလေး စုစည်းပြီး ရေးလိုက်တာ အဲဒီပို့စ်က လူတော်တော် စည်တဲ့ ပို့စ် ဖြစ်သွားတယ်။ အယင် တစ်ခေါက်မှ ဟစ်ဒီလောက် မတက်ဖူးဘူး.. ပြောရင်းဆိုရင်းနဲ့ ပို့စ်က ၀င်ကြော်ငြာသွားသေးတယ်.... :P

စုစည်းဖော်ပြပေးတာ ကျေးဇူးပါဗျာ... ပညာရပါတယ်...

Myo Kyaw Htun said...

@mmHan

အဲဒိနည်းကတော့ အများကြီး ရတဲ့ နည်းပဲ။ အညင်ကပ်တော့ အဆဲခံရတာ အဖတ်တင်သေးတယ်။

@KoPaw

Join forum မှာကျွန်တော်ပြောထားပါတယ်။ Group ဆိုတာလေးလဲ ပါသွားတာပေါ့။

@Nu Thwe

အခုလို ပြောတဲ့အတွက် ဝမ်းသာပါတယ် ခင်ဗျာ။

@မောင်လူအေး

ကြော်ငြာမဝင်ပါဘူးခင်ဗျာ။ အခုလိုရေးနေတုန်းမှာ လင့်ခ်ထားခဲ့လဲ စိတ်မဆိုးပါဘူး။ လာရောက်ပြီး comment ထားခဲ့လို့လဲ ကျေးဇူးတင်ပါတယ်။

ပြည့်စုံဟိန်း said...

အသုံးဝင်ပါတယ်ခင်ဗျာ အများကြီး

Post a Comment

Thank you for commenting in Myo Kyaw Htun - Personal Blog