Myo Kyaw Htun

Life on Rails and Future

November 8, 2008

ပြီးခဲ့တဲ့လက မြန်မာပြည် ပြန်တုန်း ရထားပေါ်ကနေ ရိုက်ထားတဲ့ ပုံတစ်ချို့ပါ။ အပြုံးမပျက်တဲ့ သူတို့လေးတွေမြင်တော့ စိတ်ထဲမှာ တစ်မျိုးပါပဲ။ ဒီအရွယ်တွေဟာ ကျောင်းထဲမှာ ပျော်ပျော်ပါးပါး စာသင်နေရမယ့် အချိန်ပါ။ ဒီလိုကလေးမျိုးတွေထဲမှာမှ နောင်အနာဂါတ်မှာ Engineer တွေ သိပ္ပံပညာရှင်တွေ ဖြစ်နိုင်တဲ့ အရည်အချင်းရှိတဲ့ ကလေးတွေ မပါဘူးလို့ မပြောနိုင်ပါဘူး။ ဒါပေမယ့် ဘဝပေး အခြေအနေအရ ဒီလိုဖြစ်နေရရှာတယ်။ သူတို့အတွက်လဲ စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှမတတ်နိုင်ပါဘူး။ ကလေးတွေရေ ... တစ်ချိန်မှာ မင်းတို့ ဘဝ သာယာလှပါပါစေလို့ ဆုတောင်းလိုက်ပါတယ်။


1 comments:

MrDBA said...

ဟုတ်ပါရဲ့ဗျာ။ ကျွန်တော်လဲ ရထားစီးရင်းမြင်မိတဲ့အခါ သူတို့လေးတွေရဲ့ အနာဂါတ်ကိုတွေးမိရင် စိတ်မကောင်းဖြစ်မိပါရဲ့။

Post a Comment

Thank you for commenting in Myo Kyaw Htun - Personal Blog