ဒီ FriendFeed ကို သုံးဖြစ်တာကြာပါပြီ။ Twitter သုံးနေရင်းကနေ အဲဒါ့ကို သုံးဖြစ်သွားတာပါ။ FriendFeed က သင့်မှာ ရှိသမျှ social network တွေရဲ့ update နဲ့ activities တွေကို အချိန်အလိုက် ဆွဲယူထားတာပါ။ ဥပမာ ကိုယ့်ရဲ့ Twitter အကောင့်ရယ်၊ Pownce ရယ်၊ Flickr ရယ်၊ Youtube တို့ကို Add ထားတယ် ဆိုပါဆို့။ သင် Twitter လဲ update လုပ်ထားမယ်၊ Flickr မှာလဲ ပုံတင်လိုက်မယ်၊ YouTube မှာလဲ video တင်ပြီးပြီဆိုတာနဲ့ သင့် FriendFeed မှာ အဲဒိ update တွေကို မြင်ရပါလိမ့်မယ်။ FriendFeed မှာ တစ်ခြား user တွေကို subscribe လုပ်ထားရင်လဲ သူတို့တွေရဲ့ update နဲ့ activites တွေ မြင်ရမှာဖြစ်ပါတယ်။ FriendFeed မှာ email notification ပါတဲ့အတွက် တစ်ရက်စာ update တွေကို email နဲ့ လက်ခံလို့ရတော့ အဆင်ပြေတာပေါ့။ အောက်က snapshot ကတော့ sample ပါ။ ကျွန်တော့် FriendFeed မှာ subscribe လုပ်ထားတဲ့ Myat Min Han၊ Wai Phyo Kyaw နဲ့ May Hnin Phyu တို့ရဲ့ activities တွေပါ။
FriendFeed မသုံးရသေးရင် သုံးကြည့်ဖို့ တိုက်တွန်းပါတယ်။ FriendFeed Account ရှိရင်လဲ ကျွန်တော့် account myochauhtun ကိုလဲ add နိုင်ပါတယ်။
Note: FriendFeed မှာ ယနေ့ နာမည်ကြီးနေတဲ့ social network services တော်တော်များများ support လုပ်ပါတယ်

I'm Myo Kyaw Htun. 23 years old guy from Myanmar and currently working as web developer in Bangkok, Thailand for more than two years. This is my first created blogspot blog mostly written in Burmese/Myanmar language. If you want to read it in English, please visit my personal site (