Firebug ကတော့ html, css နဲ့ javascript တို့ကို web page တစ်ခု browse လုပ်နေတုန်းမှာပဲ အလွယ်တကူ ပြင်လို့ရအောင် အကူအညီပေးတဲ့ Firefox extension တစ်ခုပါ။ အဲဒိအတွက် ကုဒ်တွေပြန်ရေးလိုက် server ပေါ်ပြန်တင်ပြီးတော့ refresh ပြန်လုပ်စရာမလိုတော့ဘူးပေါ့။ အခုပြောမှာက သူ့ကိုသုံးပြီး တန်းပလိတ်တွေပြင်ရာမှာ လွယ်လွယ်ကူကူ နဲ့ အချိန်ကုန်သက်သာစေတဲ့နည်းပါ။
ပထမဆုံး လိုအပ်ချက်တွေက Firefox Browser နောက်ပြီးတော့ Firebug ကို Firefox မှာ install လုပ်ပြီး enable လုပ်ပါ။ နောက် အဓိကကတော့ HTML တို့ CSS တို့ကိုလဲ နားလည်ထားရပါ့မယ်။ ဒါမှာလဲ လွယ်လွယ်ကူကူ ပြင်လို့ရမှာပါ။
ကိုယ်ပြင်ချင်တဲ့ blog ကို browse လုပ်ပါ။ Firefox browser ရဲ့ အောက် ညာဖက်ဒေါင့်စွန်းက
Firebug icon လေးကို click လုပ်လိုက်ပါ။ အောက်ပုံအတိုင်းတွေ့ပါလိမ့်မယ်။ ကျွန်တော်က ကျွန်တော့် blog ကို browse လုပ်ထားပါတယ်။

ဘယ်ဘက် windows က html element တွေပါ။ ညာဖက်ကတော့ CSS style code တွေပါ။ ဘယ်ဘက် Windows က html code တွေကို တစ်ခုခြင်းစီ ဖြည်ပြီး mouse တင်ပြီးကြည့်တာနဲ့ အဲဒိ element ကို Firebug က color နဲ့ highlight လုပ်ပြပေးပါတယ်။

နောက် ကိုယ်ပြင်ချင်တဲ့ element ကို click လုပ်ပါ။ ညာဖက်က CSS windows မှာ အဲဒိ element ရဲ့ style တန်ဖိုးတွေကို ပြပေးပါလိမ့်မယ်။ အဲဒိတန်ဖိုးတွေကို ပြင်လိုက်တာနဲ့ အထက်က ကိုယ် browse လုပ်လိုက်တဲ့ site ရဲ့ သက်ဆိုဒ်ရင် element ရဲ့ styleလဲ ပြောင်းသွားပါတယ်။

ကဲ ဒိလောက်ပါပဲ။ ကုဒ်တွေကတော့ ကိုယ့်ဘာသာပြင်ကြည့်ပေါ့။ တကယ် အသေးစိတ် ကို လိုက်လေ့လာချင်ရင် Michael Sync ဘလော့ဂ်မှာ Firebug နဲ့ ပါတ်သက်တဲ့ Firebug Tutorials တွေ တော်တော်များများ ရှိပါတယ်။ လေ့လာကြည့်နိုင်ပါတယ်။

I'm Myo Kyaw Htun. 23 years old guy from Myanmar and currently working as web developer in Bangkok, Thailand for more than two years. This is my first created blogspot blog mostly written in Burmese/Myanmar language. If you want to read it in English, please visit my personal site (