အခုတလော Hoax တစ်ခု email တွေမှာ ပြန့်နေတယ်။ မနက်မိုးလင်း email ကို ဖွင့်ကြည့်တိုင်း အဲဒိ့ forward email လာနေတော့ စိတ်ပျက်လာတယ်။ ပို့တဲ့သူတွေကလည်း ကိုယ့်သူငယ်ချင်းတွေထဲက သူတို့ကလည်း စိတ်ပူပြီး ပို့တာဆိုတော့လဲ ဘာမှမပြောချင်ဘူး။ အဲဒိ့ hoax ကလည်း အခု ထိုင်းနိုင်ငံနဲ့ ပါတ်သက်တဲ့ ကိစ္စ တစ်ခုပါ။ Email ကလည်း စာနဲ့ မဟုတ်ပဲ attachment နဲ့ လာတာပါ။ attachment မှာ ပါတဲ့ စာတွေက အောက်ကဖော်ပြထားတဲ့အတိုင်းပဲ။
ကိုယ် မသိသော ဖုန်းနံပါတ်များ ဆယ်သွယ်လာရင် ထူးခြားချက်ကို အထူး သတိထားပြီးမှ လက်ခံ နားထောင်ခြင်း ပြုပါရန်
ယနေ့ နေ့လယ် တစ်နာရီ ခန့်တွင် ကြားသိရသော သတင်းတစ်ရပ် အရ ထိုင်းနိုင်ငံမှာ ခုလောလောဆယ် 08666 ... အစချီတဲ့ နံပါတ် ၁၃ လုံးပါတဲ့ ဖုန်း တစ် call လူတွေကို လိုက်ဆယ်နေပါတယ်တဲ့ နံပါတ်က အနီရောင် စာလုံးနဲ့ ပေါ်တယ်တဲ့ ... ခုချိန်ထိ သိရသလောက် နားထောင်သူ လေးယောက် လေးနာရီ အတွင်း သေတယ်တဲ့ high frequency transciver လှိုင်းကြောင့် အာရုံကြော ထိခိုက်ပြီး သေတာတဲ့ ... ဒါကြောင့် ကိုယ်မသိသော ဖုန်းများ ကိုယ့်ကို ခေါ်ဆို ဆက်သွယ် လာရင် အထူးသတိထားပြီး ထူးခြားချက် လေးတွေ မရှိမှ လက်ခံ နားထောင်ပါရန်၊ ပိုကောင်းတာက ကိုယ်နဲ့ မသိသေးတဲ့ တစ်စုံတစ်ယောက် ဖုန်းမဆက်ခင် မေးလ်ပို့ မိတ်ဆက်ပေးရန် သို့မဟုတ် မိတ်ဆက်ပေးသူထံမှ ဖုန်းနံပါတ် အရင် တောင်းယူထားရန် သတိပေးချင်ပါတယ်ရှင့် ... ဘေးကင်းကြပါစေ ...
(ဒီနည်းနဲ့ ရက်စက်သူများကို လူလို့ မသတ်မှတ်လို့ ဘာမှ မပြောချင်ပါ)
ဆက်လက်ဝေပေးပါ။
ဖတ်ဖတ်ခြင်း နဲနဲတော့ ကြောင်သွားတယ်။ နောက် ကိုယ့်ဖုန်းနံပါတ်ကို ပြန်ရေကြည့်တော့ ၁၀ လုံးပဲရှိတယ်။ ဒီနိုင်ငံမှာ ဖုန်းနံပါတ် ၁၃ လုံးရှိတာ ရောက်ကတည်းက တစ်ခါမှ မကြားဖူးသေးဘူး။ 08666 ... blah blah ... အဲ ကျွန်တော့် အစ်ကိုရဲ့ ဖုန်းနံပါတ် တစ်ခုကလဲ ၀၈၆၆၆ နဲ့ စတယ်။ နောက် သူငယ်ချင်း တစ်ယောက်ဟာကလည်း ၀၈၆၆၆ ... နဲ့ပဲ။ နောက်တစ်ခု နံပါတ်က အနီရောင် နဲ့ ပေါ်တယ်တဲ့။ ဟုတ်သေးပါဘူး ... ဘယ်ဖုန်းက ထူးထူးခြားခြား အရောင်တွေ ပြောင်းပြီး ပြပါ့မလဲ။ black and white ပဲ display လုပ်တဲ့ ဖုန်းတွေဆို ဘယ်လိုလုပ် ပေါ်မှာလဲ။ ပြီးတော့လည်း frequency ကြောင့်လူတွေလဲ သေတာတွေ ပါလာတယ်။ ဒီနိုင်ငံမှာ အဲဒိလို ထူးထူးဆန်းဆန်း ဖြစ်လို့ကတော့ သတင်းတွေက သတိပေးမှာပါ။
အလဲ့ ... နောက်ဆုံး စာကြောင်းလေးက တော်တော်လာသား။
(ဒီနည်းနဲ့ ရက်စက်သူများကို လူလို့ မသတ်မှတ်လို့ ဘာမှ မပြောချင်ပါ)
ဆက်လက်ဝေပေးပါ။
မပြောချင်လဲ မပြောနဲ့ဗျာ။ ဒီလို Hoax နည်းနဲ့ နှိပ်စက်တာကျတော့ လူလို့ သတ်မှတ်ဦးမလား။ ဆက်တော့ မဝေတော့ဘူးဗျာ။ ဒီအတိုင်းလေးပဲ ထားလိုက်တယ်။ ပလိုဂျိ ... ကွိ

I'm Myo Kyaw Htun. 23 years old guy from Myanmar and currently working as web developer in Bangkok, Thailand for more than two years. This is my first created blogspot blog mostly written in Burmese/Myanmar language. If you want to read it in English, please visit my personal site (