မှတ်မှတ်ရရ ဒီ Gmail account (myochauhtun) ကို ၂၀၀၄ ဒီလ ဒီရက်ကတည်းက (တစ်ခြားအကောင့်လဲ အသစ်ဖွင့်ပြီးလဲ မသုံးပဲနဲ့) စွဲစွဲမြဲမြဲ သုံးလာလိုက်တာ ၄နှစ်တောင် ရှိသွားပြီ။ Gmail account ကို အစ်ကိုဖြစ်နေတဲ့ (ကို) Ravi က account လုပ်ပေးခဲ့တယ်။ စသုံးခါစက သူရယ်၊ အစ်ကိုရယ်၊ ကျောင်းနေဖက် သူငယ်ချင်းမ တစ်ယောက်ရယ် ဒီလောက်ပဲ။ Gmail ကိုလဲ သတိရရင် စာပို့ဖို့လောက်ပဲ သုံးဖြစ်ခဲ့တယ်။ Gtalk သုံးဖြစ်တော့လဲ အစ်ကိုကို သတိရလို့ စကားပြောတာလောက်ပဲ သုံးဖြစ်ခဲ့တယ်။ Yahoo! နဲ့ Hotmail သာသုံးတဲ့ အစ်ကို့ကို မြန်မာပြည်ကနေ စကားပြောလို့ရတဲ့ gmail သုံးဖို့ပဲ သူ့ကိုပြောခဲ့ရတယ်။ ဒီ ထိုင်းနိုင်ငံရောက်ပြီး တော်တော်ကြာတိုင်အောင် Gtalk ထဲမှာ သူတို့တွေကလွဲလို့ ဘယ်သူမှ မရှိခဲ့ဘူး။နောက် တော့ ... တစ်ယောက်တည်းပဲ နေတတ်တဲ့ ကျွန်တော် Blog ရေးရင်းကနေ အပေါင်းအသင်းတွေ တိုးလာတယ်။ အားရင် Chatting ရိုက်၊ ဘလော့ဂ်ရေး ဒါပဲလုပ်ဖြစ်တယ်။ အရင်ကတော့ လာ add လို့ရှိရင် accept လုပ် စကားစမြည် (chat) လုပ်မိတယ်။ တစ်ခေါက်မှာ သန်းခေါင်စာရင်း စစ်သလို စစ်တဲ့ လူမျိုးတွေနဲ့ တွေ့ပြီးနောက်ပိုင်း invite တွေကို လက်မခံဖြစ်တော့ဘူး။ နောက်ပိုင်း အပြင်မှာ အသိတွေ့လို့ ခင်မင်သွားရင် “gTalk မှာ add လိုက်မယ်နော်၊ myochauhtun မလား” လို့ မေးရင် ကျွန်တော်ဖြေလေ့ရှိတာက “မေးလ်သာအရင်ပို့ပါဗျာ။ ကျွန်တော့်အဲဒိ account ကို ပြန် add လိုက်မယ်” လို့ ပြောတာကို ကျွန်တော့်သူငယ်ချင်းတွေ သိတယ်။ ကြီးကျယ်တာမဟုတ်ပါဘူး။ ကိုယ့်အကြောင်းကို စကားကြုံတိုင်း ပြောတတ်တဲ့ ကျွန်တော်တောင် အနှီလူမျိုးတွေတွေ့ဖူးပြီး နောက်ပိုင်း လန့်သွားလို့ပါ။
ဒီလိုနဲ့ invite တွေကို yes လဲမလုပ် no လဲမလုပ်နဲ့ ပစ်ထားလိုက်တာ အခုဆို ၃၀၀ ကျော်သွားပြီ။ အရင်လကလဲ သူငယ်ချင်း တစ်ယောက်နဲ့ အဆက်အသွယ်ပြန်ရတယ်။ သူ့ကို Friendster မှာပြန်တွေ့လို့ ကိုယ့် email ကိုပေးလိုက်ပြီးနောက်ပိုင်း သူ့ဆီက ဘာ reply မှလဲ ပြန်မလာဘူးပေါ့။ စိတ်ထဲမှာလဲ ဒီကောင်တော်တော်နေနိုင်တာပဲပေါ့။ ဘယ်ဟုတ်မလဲ သူက message ရရပြီးချင်း gtalk ထဲ add ပြီးသွားပြီ။ နောက်သူငယ်ချင်းက သူ့ id ကို ပြောပြမှ “မင်းကွာ နေနိုင်လိုက်တာ ငါဖြင့် add ထားတာကြာပြီ။ အခုမှ accept လုပ်တော့တယ်” တဲ့။ မနေ့ညကလဲ အစ်မတစ်ယောက်နဲ့ စကားပြောနေတုန်း “ဟဲ့..နင့်ကို ငါ gtalk မှာ add ထားတာ ငါ ဒီရောက်ကတည်းကတဲ့၊ ဘယ်နှစ်လရှိပြီလဲ” ဆိုတော့မှ သူ့ account ကိုမေး ကိုယ်က ပြန်ပြီး add ထားလိုက်ရတယ်။ဒီလိုတွေ ခဏခဏကြုံတော့ Account ပြောင်းသုံးမလား ခဏခဏ စဉ်းစားမိတယ်။ ဒါပေမယ့် သုံးလာတာကြာပြီ ဖြစ်တဲ့ အရင်ကလဲ အသိတွေကို ဒီ address ပဲပေးထားခဲ့တော့ ၄နှစ်ကြာသုံးလာတဲ့ ဒီအကောင့်လေးကို မစွန့်လွှတ်ချင်တော့ပါဘူး။

I'm Myo Kyaw Htun. 23 years old guy from Myanmar and currently working as web developer in Bangkok, Thailand for more than two years. This is my first created blogspot blog mostly written in Burmese/Myanmar language. If you want to read it in English, please visit my personal site (