သြော် ... မြန်မာဘလော့ဂ်တွေ ဖတ်လို့မကုန်နိုင်ပါဘူး။ Google Reader's shared item အစွမ်းကြောင့် contact list ထဲက သူတို့တွေ share လုပ်ထားတဲ့ ပို့စ်တွေဖတ် အဲဒိ့ပို့စ်တွေက ညွှန်းထားတဲ့ လင့်ခ်တွေ လိုက်ကြည့် တစ်ခါတစ်လေ အဲဒိ့ဘလော့ဂ်ကို ဝင်ကြည့်၊ အဲဒိ့ဘလော့ဂ်ဆိုဒ်ဘားက ဖတ်စရာတို့ သူငယ်ချင်းများတို့ သွားနေကြဘလော့ဂ်များတို့အောက်က လင့်ခ်တွေ လိုက်ကြည့်ရင်း နဲ့ အချိန်ကုန်လို့မှန်းမသိ ကုန်ကုန်သွားသွားတယ်။ (တစ်ခါတလေ သူများဘလော့ဂ်က စီဘောက်မှာ “လာလည်သွားပါတယ်” တို့ “သိပ်ကောင်းတယ်” ရေးသွားတဲ့ လူတွေရဲ့ လင့်ခ်တွေတောင် နှိပ်မိသေးတယ်) ဘလော့ဂ်တွေ ဖတ်ရတာ ဗဟုတုသ အများကြီး ရပါတယ်။ တစ်ချို့လဲ ကိုယ်သန်ရာသန်ရာရေးကြ၊ တစ်ချို့ကြတော့ လာဖတ်တဲ့သူ တစ်ခုခုရစေချင်တဲ့ ဆန္ဒနဲ့ရေးကြ၊ တစ်ချို့လဲ သူတို့ရဲ့ လူနေမှုဘဝ၊ နိုင်ငံခြား အတွေ့အကြုံ၊ တစ်ချို့က ကဗျာတွေ၊ ရသစာပေတွေ၊ ဆောင်းပါတွေ၊ ဘာသာပြန်တွေ ရေးကြနဲ့ connection ကောင်းကောင်းရှိတဲ့ ကျွန်တော့်အတွက်တော့ အဲဒါ့တွေ ဖတ်ရတာ စာကြည့်တိုက်ထဲဝင်ထိုင်ပြီး စာဖတ်နေရသလိုပါပဲ။ ပြီးခဲ့တဲ့ အပတ်က မြန်မာပြည်ပြန်လိုက်တာ gmail ထဲက buddie တွေ share လုပ်ထားတဲ့ မြန်မာဘလော့ဂ်ပို့စ်တွေ အခုထိ ဖတ်လို့ မပြီးသေးပါဘူး။
Subscribe to:
Post Comments (Atom)

I'm Myo Kyaw Htun. 23 years old guy from Myanmar and currently working as web developer in Bangkok, Thailand for more than two years. This is my first created blogspot blog mostly written in Burmese/Myanmar language. If you want to read it in English, please visit my personal site (