Myo Kyaw Htun

RSS in plain English

August 17, 2007
0 comments
video blogging စမ်းချင်တာရယ် Common Craft က RSS အကြောင်းကို video နဲ့ ရှင်းထားတာလေးလဲ သဘောကြလို့ draft.blogger.com ကို သုံးပြီး videolog လုပ်လိုက်ပါတယ်။၊ Common Craft မှာ တစ်ခြား စိတ်ဝင်စားစရာတွေကိုလည်း video post နဲ့ ရှင်းပြထားပါတယ်။
video
credit : Common Craft

12 Websites-Galleries , Colourlovers, Smashing Magazine and CSSJuice you shouldn't miss

August 14, 2007
8 comments

web development ပိုင်းမှာ အများဆုံးက data processing ပါ။ database ကနေ data တွေယူမယ်။ ပြီးတော့ အဲ့ဒီ့ data တွေကို browser က နားလည်တဲ့ html format ကို ပြန်ပြောင်း (နောက်ပိုင်း တစ်ချို့ app တွေဆို xml) ပြီးတော့ user ဆီက input ယူ process လုပ်။ database ထဲကို ပြန်ထည့်နဲ့ သံသရာလည်နေပါတယ်။

အရင် web စလေ့လာခါစကတော့ data processing ဘက်ပိုင်းရေး ပြီးတော့ designer က လုပ်ထားတဲ့ ဒီဇိုင်းကို ကြည့်ပြီး html code နဲ့ ပြန်ရေးခဲ့တယ်။ အဲ့ဒီ့တုန်းကလဲ cross browser support, CSS, layout, font ပြသနာ (နောက်ပိုင်း SEO (Search Engine Optimization)) အဲ့ဒါ့တွေ သိပ်မစဉ်းစားခဲ့။ အခု ပြန်လှည့်ကြည့်တော့ အမှားတွေပါပဲ။ ဘာပဲဖြစ်ဖြစ် ... လေ့လာမှု၊ အတွေ့အကြုံက လူကိုသင်သွားပါတယ်။

ကျွန်တော် web application တွေ ရေးနေရင် အထူးသဖြင့် အကြမ်းထည် အရင်ရေးပါတယ်။ output တွေကို ဘာအရောင် image မှမပါပဲ ရေးပြီး နောက်ပိုင်းကြမှ ဒီဇိုင်းနဲ့ တွဲလုပ်တာ များပါတယ်။ အဲ့ဒီ့ အချိန်မျိုးမှာ result ကို သူများကို ပြရတာ သိပ်တော့မနှိပ်ပါဘူး (ဒီဇိုင်းနဲ့ တွဲမပြီးခင်ပေါ့)။ online မှာ အစကတော့ tutorial လေးတွေကြည့် စမ်းလုပ်ကြည့်၊ ကာလာအကြောင်းလေးတွေ သင်တဲ့ ဆိုဒ်တွေ သွားကြည့်ရင်းနဲ့ နောက်ပိုင်း ရေးနေတုန်းမှာပဲ ကာလာလေးတွေ အစမ်းထည့်၊ ပုံလေးတွေ တတ်နိုင်သလောက် ညှပ်ထည့်နဲ့ စမ်းကြည့်လာပါတယ်။ အကောင်းကြီး မဟုတ်ပေမယ့် အရင်တုန်းကလောက်တော့ ကာလာမပါမဟုတ်တော့ပါဘူး။

အခု ဒီလပိုင်းအတွင်းမှာတော့ tutorial ဆိုဒ်တွေ သိပ်မသွားပဲ web site တွေကို စုထားတဲ့ gallery site တွေအမြဲ သွားဖြစ်ပါတယ်။ အဲ့ဒီ့မှာ submit လုပ်ထားတဲ့ ဆိုဒ်တွေက professional ဆန်လွန်းပါတယ်။ အထူးသဖြင့် အရောင်တွေ၊ layout ချထားမှုတွေ၊ ပုံတွေ၊ font face တွေကို သူ့နေရာနဲ့ သူ သုံးထားတာတွေကြောင့် တော်တော်လေးကို impress ဖြစ်စေပါတယ်။ အခုအောက်မှာတော့ web site တွေကို စုထားတဲ့ တော်တော်လေး နာမည်ကြီးတဲ့ gallery site တစ်ချို့ကို ညွှန်းလိုက်ပါတယ်။ အဲ့ဒီ့ဆိုဒ်တွေမှာ ထောင်သောင်းချီနေတဲ့ professional site တွေ အများကြီးရှိပါတယ်။ သူတို့တွေ အရောင်တွေ ပုံတွေ layout အယူအဆတွေ font တွေ ဘယ်လိုသုံးသွားလဲဆိုတာကို လေ့လာလိုက်စားချင်တဲ့သူတွေ အသုံးတည့်မယ် ထင်ပါတယ်။















နောက်တစ်ခု web မှာ color တွေဟာလဲ အရေးပါပါတယ်။ ကာလာတွေနဲ့ ပတ်သက်လို့ လေ့လာစရာနေရာတွေ တော်တော်များပါတယ်။ အဲ့ဒီ့အထဲမှာမှ web site တွေ magazine တွေမှာ ဘယ်လို color တွေ သုံးထားလဲဆိုတာတွေကို ပြန်လည်ဖေါ်ပြပေးတဲ့ colourlovers.com ဟာလဲ စိတ်ဝင်စားစရာကောင်းပါတယ်။



Web Design, Web Development ပိုင်းနဲ့ ပတ်သက်လို့ tutorial တွေ အလကားရမယ့် icon ဒီဇိုင်းတွေနဲ့ တစ်ခြားသော ဗဟုသုတရမယ့် သတင်းတွေကို စုစုစည်းစည်း တင်ပြတတ်တဲ့ ဆိုဒ်နှစ်ပါ။



Related Post

Web design and Communities

Testing Zawgyi Font in Wordpress

August 8, 2007
3 comments
တစ်ရက်က ကိုရန်အောင် (ရုပ်ရှင်မင်းသား မဟုတ်ပါ) က မေးပါတယ်။
I also wanna ask u how I can write wordpress blog in myanmar.

သူမေးတာက free host အဖြစ်သုံးမယ့် wordpress.com ပါ။ wordpress.com မှာ တန်းပလိတ် change ဖို့ ခွင့်မပေးပါဘူး။ လုပ်ချင်ရင် ပိုက်ပိုက်ပေးရပါတယ်။ အဲ့ဒိ့အတွက် wordpress.com မှာ မြန်မာလို လက်တည့်စမ်းချင်တဲ့ လူများ ကသိရယ် ကအောင့် ဖြစ်ရပါတယ်။ အဲ့ဒိ့အခါမှာ font ကို ကိုယ်ကြိုက်တာတင်ဖို့ တစ်နည်းတော့ ရှိပါတယ်။ ဒါတောင် content ပါ။ post title မဟုတ်ပါဘူး။ CSS လေးနည်းနည်းပါးပါး ထည့်ရပါတယ်။ ရေးမယ့် panel ထဲကို ဝင်ပါ။ အောက်က ပုံကို ကြည့်ပါ။



text formatting style အဖြစ် သုံးလေ့ရှိတဲ့ <span> tag element ကို သုံးပြီး ရေးလို့ရပါတယ်။



ဥပမာ



<span style="font: 13px 'Zawgyi-One', zawgyi1, arial, sans-serif;">
ဒီအထဲမှာ မြန်မာလိုတွေ ရေးလို့ရပါတယ်။
</span>


ဒီလိုရေးပြပေမယ့် Wodpress အသုံးပြုထားတဲ့ TinyMCE Editor က နည်းနည်းတော့ ပြန်ပြင်ပါတယ်။ ကိစ္စမရှိပါဘူး။ စမ်းကြည့်ချင်ပါတယ်။ Title ကို tag ထည့်ပြီး ရေးကြည့်ခဲ့ပါတယ်။ မရခဲ့ပါဘူး။ အဲဒိ့တော့ Title ကို English လို ရေးပေါ့။


? တွေပေါ်နေလို့ အခက်အခဲဖြစ်ရင် NotePad ထဲမှာ အရင်ရေးပါ။ ပြီးတော့ လာ paste လုပ်ပြီးထည့်ပါ။

ဒါက နမူနာ wordpress blog ပါ။