Myo Kyaw Htun

Stats of my blog in May, June and July

July 30, 2007
0 comments

Stats တွေဟာ ကျွန်တော်လို ကြုံသလိုရေး လျှောက်ရေးတတ်တဲ့ blog တစ်ခုအတွက် အရေးမကြီးပေမယ့် တကယ် pro လုပ်တဲ့ site တွေ blog တွေ အတွက်တော့ အရေးကြီးပါတယ်။ အထူးသဖြင့် advertis on this site ဆိုတဲ့ page တည်ဆောက်ထားတဲ့ site တွေဆိုရင် advertiser ကို ဆွဲဆောင်ဖို့ ကိုယ့် site ရဲ့ stats တွေကို လအလိုက်ချီပြီး ပြထားပါတယ်။ တစ်ချို့ဆိုလဲ နှစ်အလိုက်လဲ ပြန်စုစည်း ထားကြတယ်။ နောက်ပိုင်း rss မှာတောင် advertising လိုက်လုပ်ကြတာနဲ့ rss subscriber ဘယ်နှစ်ယောက်ပါ ရှိတယ်ဆိုပြီး ပြထားကြတာလဲ တွေ့ဖူးမှာပါ။ ကိုယ်ပိုင် web site ဖြစ်ဖြစ် ကုမ္ပဏီ က လုပ်ထားတဲ့ site ဖြစ်ဖြစ် အထက်လူကြီး အနေနဲ့ သူ့ site ရဲ့ ဘယ်သူတွေ ဘယ်နိုင်ကနေ လာရောက်ကြည့်ရှု့တယ်ဆိုတာ သိချင်မှာပါ။ အဲ့ဒိ့အခါမှာ developer တစ်ယောက်အနေနဲ့ stats report ပို့နိုင်ရင် သူ့အနေနဲ့လဲ ကျေနပ်မှုရပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ stats ဆိုတာလဲ သူ့ဟာနဲ့သူတော့ အရေးကြီးပါတယ်။



Google Analytics ထဲ မဝင်တာကြာလို့ ဒီနေ့ဝင်ကြည့်လိုက်ပါတယ်။ အရင်လက ဘယ်နှစ်ယောက်များ လာခဲ့လဲ ? ဘယ်ကနေ ဝင်လာတာလဲ ? ဘယ် search engine ကနေ အများဆုံးဝင်လာတာလဲ ? ဘယ်လို keyword တွေ ရှာလို့ ရောက်ချလာတာလဲ သိချင်တာနဲ့ တော်တော် အချိန်ကြာ ကြည့်နေမိပါတယ်။ နောက်တော့ ပျင်းပျင်းရှိတာနဲ့ stats ကို လအလိုက် report ပြန်ကြည့် ထွက်လာတဲ့ result တွေကို snap ရိုက် photoshop နဲ့ ဖြတ်လိုက် ကပ်လိုက် လုပ်ပြီး သုံးလစာ report လုပ်ဖြစ်သွားတယ်။ Feedburner ကတော့ ပထမဆုံး ကျွန်တော် လုပ်ခဲ့တဲ့ အချိန်ကစလို့ အခုအချိန်ထိပါ။



ကြုံသလိုရေး အားရင်အားသလိုရေး တွေ့ကရာစိတ်ကူးတဲ့ရာ လျှောက်ရေးတတ်တဲ့ ကျွန်တော်ဘလော့ဂ်ကို ပို့စ်အသစ် မတက်ပေမယ့် အမြဲလာရောက် လည်ပတ်သူတွေကော၊ လမ်းမှာဝင်လာတဲ့ သူတွေကော အထူး ကျေးဇူးပါပဲခင်ဗျာ။


Google Analytics Stats: July 2007 MCH


Google Analytics Stats: June 2007 MCH


Google Analytics Stats: May 2007 MCH


Feedburner Stats for Myo Kyaw Htun



Stats in February

Comment form message in Blogger

July 29, 2007
0 comments

ကိုယ့် blog မှာ comment ပေးမယ့် သူ အား comment မပေးခင် ကိုယ့် blog ရဲ့ comment policy က ဘယ်လို ဆိုတာကို အသိပေး ထားချင်တယ်ဆိုရင် Blogger panel ရဲ့ comment setting က Comment Form Message မှာ ကိုယ်ပြောချင်တဲ့ အကြောင်းအရာ သို့ ကိုယ့် blog ရဲ့ comment policy ကို ဖြည့်ထားလို့ရပါပြီ။



visitor က comment ပေးမယ့်ဆိုရင် အောက်ကပုံအတိုင်း ကိုယ်ဖြည့်ထားတဲ့ message ကို မြင်ရမယ်ဖြစ်ပါတယ်။



ကျွန်တော်ကတော့ လတ်တလော ဒီလောက်ပဲဖြည့်ထားတယ်။ နောက်ကြုံရင်ကြုံသလို ထပ်ပြီး comment policy ထည့်သွားပါဦးမယ်။

via: Digital Inspiration

Redirect your URL to Feedburner

မရေးဖြစ်တဲ့ အချိန်မှာ blogger မှာ တော်တော် ပြောင်းလဲမှုတွေ များပါတယ်။ blogger.com က စမ်းသပ် feature တွေကို အသုံးပြုနိုင်အောင် draft.blogger.com ကို create လုပ်ထားပါတယ်။ draft.blogger.com ကနေဝင်ရင် စမ်းသပ်ဆဲ feature တွေကို သုံးလို့ ရမှာပါ။ အထူးသဖြင့် blogger draft မှာ ပါတဲ့ Video uploading feature ကြောင့် blogspot blog တွေက video blogging တွေ လုပ်လို့ရသွားပါတယ်။ နောက်တစ်ခုက post တစ်ခုတိုင်းမှာ enclosure ထည်လို့ရသွားပါတယ်။ အဲ့ဒိ့ အတွက် blogspot က ဘလော့ဂ်တွေက audio podcasting ပါ ထပ်လုပ်လို့ရပါတယ်။ audio blogging လုပ်ဖို့အတွက် အကောင်းဆုံးပါ။ bloggerindraft.blogspot.com မှာလည်း draft.blogger.com နဲ့ ပတ်သက်တဲ့ သတင်းတွေကို စောင့်ကြည့်လို့ရပါတယ်။


အရင်တုန်းကတော့ blogs တွေကို ဒီအတိုင်း direct visit လုပ်ပြီးဖတ်တယ်။ blog တွေမှာ rss ပါလာတဲ့အတွက် reader တွေထဲမှာ ထည့်ပြီး ဖတ်တယ်။ အဲ့ဒီ့အတွက် ကိုယ့် blog က rss ကို ဘယ်သူတွေ ဖတ်နေတယ်ဆိုတာ သိရအောင် feedburner မှာ account create လုပ်ပြီး stats ကို ကြည့်ကြည့်တယ်။ များသောအားဖြင့် blogspot က feedlink တွေက http://yourblog.blogspot.com/atom.xml သို့ http://yourblog.blogspot.com/feeds/posts/default တွေပါ။ တစ်ချို့လဲ browser မှာ တွေ့တဲ့ [rss] icon လေးကို နှိပ်ပြီး ဖတ်နေတော့ feedburner မှာ ရှိတဲ့ ကိုယ်လုပ်ထားတဲ့ feedlink ကို ရောက်မသွားဘူး။ အဲ့ဒိ့အတွက် stats တွေက အမှန်မသိရပါဘူး။ အဲဒိ့ဟာကို blogger မှာပါတဲ့ Post Feed redirect URL ကို သုံးပြီး redirect လုပ်လို့ရသွားပါတယ်။ (wordpress မှာ တော့ Feedsmith ပေါ့။) အဲဒိ့အတွက် အရင် http://yourblog.blogspot.com/atom.xml သို့ http://yourblog.blogspot.com/feeds/posts/default သုံးပြီး ဖတ်နေတဲ့ သူတွေကို feedburner link နဲ့ ဖတ်ပါလို့ ပြောစရာ မလိုတော့ပါဘူး။ feedburner အကောင့်ရှိပြီးသူတွေကတော့ အောက်ကပုံအတိုင်းကြည့်လုပ်လိုက်ရုံပါပဲ။



link ဘယ်လိုယူရမယ်ဆိုတာ ဒီမှာ ပုံတွေနဲ့ ရှင်းထားပါတယ်။


Happy Birthday Ma Lin

July 28, 2007
0 comments

ပျော်ရွှင်စရာကောင်းသော မွေးနေ့ဖြစ်ပါစေ... မလင်းလင်း