Myo Kyaw Htun

မိုးတွေရွာရင်

June 24, 2007
5 comments


“မိုးရွာရင် မိုးရေ ချိုးမယ်၊ မေမေလာရင် နို့ဆို့မယ်၊ ဖေဖေလာရင် အုန်းသီးခွဲစားမယ်” ဆိုတဲ့ ဘယ်သူ စပ်ခဲ့မှန်း မသိတဲ့ သီချင်းကို

ငယ်ငယ်တုန်းက ဘာမှန်းမသိ ညာမှန်းမသိ ဆိုခဲ့ဖူးပါတယ်။


ငယ်ငယ်လေးတုန်းကပါ.. မှတ်မှတ်ရရ .. ဖေဖေနဲ့ သူ့မိတ်ဆွေ စကားကောင်းနေတုန်း ကျွန်တော် အကြောင်းအရာ တစ်ခုသွားမေးတာ ဖေဖေက နောက်မှ ဖြေမယ် လို့ပြောတာကို မစောင့်ပဲ ဂျီကျပြီး အိမ်ကဆင်းမယ် ဆိုပြီး အိမ်ပြင်ကိုထွက်ခဲ့ဖူးပါတယ်။ အဲ့ဒီ့ အချိန်တုန်းက မိုးသည်းထန်စွာရွာနေတုန်းပါ။ အိမ်ကနေ တစ်ပြတောင် မရောက်လိုက်ပါဘူး။ မိုးချိန်းသံ အကျယ်ကြီးကြောင့် ကြောက်လန့်တကြား ပြန်ပြေးပြီး ဖေ့ဖေ့ရင်ခွင်ထဲမှာ ငိုဖူးပါတယ်။ ဖေဖေ မိသားစုကို စွန့်ခွာသွားတာ နှစ်ပေါင်းတော်တော်ကြာပြီ ဖြစ်ပေမယ့် ကျွန်တော် အခုထိ သတိတရ ရှိနေတုန်းပါပဲ။


ဘောလုံးကန်တတ်စ အရွယ်မှာတော့ မိုးရွာတိုင်း ကော်ဘောလုံးလေး ထုတ်ပြီး အိမ်ပြင်ထွက် ဖြေဗလာနဲ့ ရပ်ကွက်ထဲမှာ ဘောလုံးကန်ခဲ့တဲ့ နေ့တွေကိုလည်း အမှတ်တရ ရှိနေတုန်းပါပဲ။


မိုးရွာတုန်းမှာ အရူးထပြီး လျှောက်ပြန်သံပေး ခဏခဏ လုပ်ခဲ့ဖူးပါတယ်။ ဖျားရင်လည်း အမှတ်မရှိပါဘူး။


မိုးတွေရွာရင် သူငယ်ချင်းတွေကိုလည်း သတိရပါတယ်။ ဘာလို့လဲ ဆိုတော့ မိုးရေထဲမှာ သူတို့နဲ့ အဆောင်ရှေ့ အိမ်ရှေ့တွေမှာ ကြွက်စုတ်တွေလုပ်ပြီး သွားကြောင်ခဲ့လို့ပါ။


မိုးမရွာခင် မိုးရနံ့ကို ရှူရှိုက်ရတဲ့ အရသာကို တော်တော်လေး နှစ်သက်ပါတယ်။


အခု ဒီမှာ မိုးတွေရွာရင် အဝတ်တွေက မခြောက်၊ အဝတ်ကမခြောက်တော့ ရေစော်ကနံ၊ လမ်းတွေပေါ် ရေလျှံ နဲ့ တော်တော့်ကို စိတ်ပျက်မိပါတယ်။


p.s: ကိုချမ်း မိုးတွေရွာရင် ဆိုတဲ့ post နဲ့ tag ထားတာ ကြာပါပြီ။ အခုမှ ရေးဖြစ်တာပါ။ ကျွန်တော် ဘလော့ဂ်ရေးတာကို သုံးလေးလကျော် ရပ်ထားပါဦးမယ်။ တစ်ရက်ရက်တော့ ...

Bidvertiser offers 20$ FREE Clicks for current publishers

June 14, 2007
0 comments

Bidvertiser now offers 20$ free clicks for current publishers. If you now logged into your current publisher account then you'll see the Become an Advertiser wizard. It will be expired in 48 hours If you do not accept it. Once you become an advertiser with this credit account, you can do the following things:
  • Advertising on sites of your choice
  • Pay only for the clicks you receive
  • Set the max price you are willing to pay per click
  • Choose your geographical targeting
  • Create your ads in minutes
  • Monitor the performance of your ads
Some features in referral program you should know before you sign up.
  • When a user signs as an advertiser and first spends $10, we'll credit your account with $5. When that same advertiser spends $50, you will be credited with an additional $20.
  • When a user signs as a publisher and first earns $10, we'll credit your account with $10. When that same publisher earns $50, you will be credited with an additional $40.
And they also added the HTML referral link feature in referral program. Now you can use both JavaScript and HTML to refer to publishers and advertisers.

Use the following links to :

Safari is available for Windows

June 12, 2007
3 comments

Apple က နေ Safari browser ကို Windows မှာ အသုံးပြုဖို့ Beta version ကို ထုတ်လုပ်လိုက်ပါပြီ။ Internet Explorer ထက် နှစ်ဆမြန်တယ်လို့ ရေးထားတာတော့ တွေ့ရပါတယ်။ နောက်ထပ်ပြီးတော့လည်း 12 Reasons you'll love Safari လို့လဲ Safari main page မှာတွေ့ပါတယ်။ ကျွန်တော် Windows မှာ သုံးကြည့်တော့ Safari ရဲ့ Rendering က ထွက်လာတဲ့ပုံစံက Linux မှာ Firefox သုံးပြီး ကြည့်လို့ထွက်လာတဲ့ ပုံစံနဲ့တူနေပါတယ်။


Click to see larger picture. be careful coz more than 380k.


ဘာပဲဖြစ်ဖြစ် Windows မှာ နောက်ထပ် စမ်းသပ်စရာ Browser အသစ် တစ်ခုရပါပြီ။ အောက်ကဟာကတော့ Safari နဲ့ ကျွန်တော့် Blog ကို Browser လုပ်ထားတာပါ။ ဒါနဲ့ Apple က ဆိုဒ်တစ်ခုလုံးကို change ပစ်လိုက်ပါပြီ။ ကြည့်လို့ကို မဝနိုင်အောင်ပါပဲ။