Myo Kyaw Htun

Oops! Cbox is blocked in here

May 31, 2007
3 comments
As you can see in screen snapshots, some ISP in here blocked Cbox. I can't see your messages in my cbox. But I can see messages from my office and my home.




www.cbox.ws


Sorry! the web site you are accessing has been blocked by ministry of information and communication technology

Ads Services which I know

May 30, 2007
2 comments

Google Adsense

Google Adsense ဟာ ဆိုဒ်တစ်ခု၊ ဘလော့ဂ်တစ်ခု ကိုစစပြီး လုပ်တဲ့သူတွေ အတွက် အသင့်တော်ဆုံး ads service တစ်ခုပါ။ Publisher ဖြစ်ဖို့ requirement အများကြီး မလိုတာရယ်၊ credit card မရှိတဲ့သူတွေလဲ လျှောက်လို့ရတာရယ်၊ အထူးသဖြင့် adsense optimization tips တွေကိုလဲ အင်တာနက်ပေါ်က ဆိုဒ်တော်တော်များများမှာ ရေးထားတာကြောင့်လဲ လူသုံးအများဆုံး အက်ဒ်ဆာ့ဗစ် ဖြစ်နေတာပါ။ နောက်ပြီးတော့ Referral program တွေဖြစ်တဲ့ Firefox, Adwords, Adsense, Google Pack နဲ့ Google App တို့လည်း ပါရှိပါတယ်။ Google Pack နဲ့ Google App ကတော့ တစ်ချို့နိုင်ငံတွေမှာ available မဖြစ်သေးပါဘူး။ တလောကလည်း နာမည်ကြီး ဘလော့ဂ်ဂါ တစ်ယောက်က Google Adsene မသုံးပါနဲ့ အရမ်းဆိုဒ်ကို ရုပ်ဆိုးစေတယ်လို့ ပြောတော့ တစ်ခြား ဘလော့ဂ်ဂါတွေနဲ့လည်း ပြသနာတက်ဖူးပါတယ်။ အကြီးအကျယ်တော့ မဟုတ်ပါဘူး။ တစ်ခုထူးဆန်းတာက သူ့ ဘလော့ဂ်မှာ Google Adsense ထည့်ထားတာပါပဲ။ အမှန်တကယ် Channel တွေ Filter တွေကို ကောင်းကောင်း အသုံးချတတ်ရင် မလှမပ Ads တွေ ပေါ်စရာအကြောင်းတော့ မရှိပါဘူး။ အောက်က Google Adsense နဲ့တူတဲ့ တစ်ခြား Adsense တွေပါ။ Microsoft Ad Center ကတော့ credit card မရှိတဲ့ သူတွေ အတွက် လျှောက်လို့မရပါဘူး။

Related Ads Services : Adbrite, Bidvertiser, Yahoo Publisher Network, Microsoft Ad Center

Text Link Ads

ကိုယ့်ဆိုဒ် ပေါ်ပြူလာ ဖြစ်လာတာနဲ့ အမျှ နောက်ထပ် ငွေဝင်ဖို့ အကောင်းဆုံး service တစ်ခုပါ။ Text Link Ads မှာ Selling Links, Post Level Ads နဲ့ RSS Ads ဆိုပြီး ရှိပါတယ်။ ကျွန်တော် သဘောကျတာက Selling Links ပါ။ Anchor link <a href="http://www.yourcompanyurl.com">Companyurl</a> တစ်ခုကို ကိုယ့် ဆိုဒ်ရဲ့ ဆိုဒ်ဘားမှာ ထည့်ပေးတာနဲ့တင် တစ်လကို အနည်းဆုံး ဒေါ်လာ ၂၀က စပြီး ရနိုင်လို့ပါ။ Rank တွေ မြင့်လေလေ ပိုရလေပါပဲ။ အဲ့ဒိ့လို ရဖို့ကလည်း requirement တွေက သိပ်ကြီးမားပါတယ်။ ကိုယ့်ဆိုဒ်က တစ်လကို 5000000 page per view နီးပါး ရှိရပါမယ်။ တစ်ရက်တစ်ရက် နိုင်ငံပေါင်းစုံက လာတဲ့ unique visitors အရေအတွက်၊ Alexa rank နဲ့ page rank မြင့်မားရမယ်ဆိုတာတွေကြောင့် တော်ရုံနဲ့လည်း Advertiser ရဖို့ဆိုတာ ခက်ခဲပါတယ်။

Feedburner Feed Ads

ကိုယ့်ရဲ့ blog ကို RSS နဲ့ ဖတ်လာတဲ့ အရေအတွက် များလာတာနဲ့ အမျှ နောက်ထပ် ငွေရှာလို့ရတဲ့ Feed Ads တစ်ခုပါ။ သူ့ရဲ့ အလုပ်လုပ်ပုံက ရှင်းပါတယ်။ Wordpress မှာဆို plugin သုံးပြီး ထည့်မယ်၊ Blogger မှာဆိုရင် Feed Signature မှာ သူတို့ပေးတဲ့ Ads script ထည့်ပေးလိုက်ရုံပါပဲ။ အခုအချိန်မှာ Google က Feedburner ကို ဝယ်ထားပြီး ဖြစ်တဲ့အတွက် Google Adsense နဲ့ ပေါင်းမလား ဒီအတိုင်းပဲ ဆက်ထားမလား မသိသေးပါဘူး။ Requirement ကို မသိပေမယ့် publisher ဖြစ်ချင်ရင် publisher@feedburner.com ကို အီးမေးလ်ပို့ပြီး မေးကြည့်လို့ရပါတယ်။

Kontera


ဒီ Kontera Text Links Ads က ကိုယ့်ဆိုဒ်က content တစ်ခုလုံးကို scan ဖတ်ပြီး relevent Ads တွေကို double underline anchor link ပုံစံ ပြထားတဲ့ Ads service တစ်ခုပါ။ Ads တွေအတွက် နေရအခက်အခဲ ဖြစ်နေသူတွေ အတွက် ဒါလေးဟာလဲ သင့်တော်ပါတယ်။ publisher ဖြစ်ဖို့ကလည်း requirement မများပါဘူး။ first time singup လုပ်တဲ့အချိန်မှာ သတိထားရမှာက ကိုယ့် တကယ် ထည့်ချင်တဲ့ site ကို ပြောပြီး ထည့်ရပါတယ်။ နောက်ပိုင်း site တွေ အများကြီးမှာ ထည့်ချင်ရင်တော့ သူတို့ရဲ့ support ကို contact လုပ်ပြီး အသစ်ထည့်ချင်တဲ့ ဆိုဒ်တွေကို ဖွင့်ပေးခိုင်းရပါတယ်။

သူ့မှာလည်း ads format တွေများကြီးပါ။

သူနဲ့ တူတဲ့ ads service တစ်ခုကတော့ Intellitxt လို့ လူသိများတဲ့ Vibrantmedia ပါ။ CPC ပိုပေးသလောက် requirement ကလည်း တော့်တော့်ကို များပါတယ်။

Amazon


Amazon Affiliate program က ပစ္စည်းတွေကို ကိုယ့်ဆိုဒ်မှာ ဖော်ပြပြီး ရောင်းရငွေရဲ့ ကော်မရှင်ကို ယူတဲ့ နောက်ထပ် ငွေရှာနည်း တစ်မျိုးပါ။ ဘာနဲ့ တူသလဲဆိုတော့ ကိုယ့်ရဲ့ ဈေးဘန်းပေါ်မှာ ပစ္စည်းရှင်းနေတုန်း တစ်ခြားဆိုင်က ဆိုင်ရှင်က သူ့ပစ္စည်းလေး တင်ပြီး ရောင်းပေးပါ။ ရောင်းရငွေပေါ်မှာ ကော်မရှင်ပေးပါမယ်ဆိုတာနဲ့ တူပါတယ်။ တစ်ချို့ visitor တွေ ရှိပါတယ်။ သူတို့ amazon က စာအုပ်ဝယ်တော့မယ့် amazon ကို တိုက်ရိုက်မဝင်ပဲ အဲ့ဒီ့ ဘလော့ဂ်ဂါရဲ့ ဆိုဒ်က product ကို amazon publiher id အသုံးပြုပြီး ဝယ်သွားတယ် သို့မဟုတ်လဲ အဲ့ဒီ့ blogger ကို ဆက်သွယ်ပြီး product id နဲ့ publisher id နှစ်ခုပေါင်းပြီး ဝယ်သွားပါတယ်။ အဲ့ဒိလို လုပ်တဲ့အတွက် ကိုယ့်ရဲ့ fav blogger ကို တစ်ဖက်တစ်လမ်းက ငွေလှူတဲ့သဘောပါပဲ။

Auction Ads


AuctionAds က Text-Links-Ads ရဲ့ မူရင်း company တွေ ဖြစ်တဲ့ MediaWiz နဲ့ ShoeMoney တို့ eBay နဲ့ ပေါင်းပြီး eBay ပေါ်က product တွေကို ကိုယ့်ဆိုဒ်ပေါ်မှာ တင်ရောင်းပေးပြီး commision ယူတဲ့ service တစ်ခုပါ။ သူလည်းပဲ Amazon လိုပါပဲ။ ကြားရတဲ့ သတင်းအရတော့ commision များများပေးတယ်လို့ဆိုပါတယ်။ အထူးသဖြင့် product နဲ့ ပတ်သက်တဲ့ ဆိုဒ်လုပ်မယ့် သူတွေ အထူးသင့်တော်ပါတယ်။

ReviewMe


Review Me Product တစ်ခု site တစ်ခုကို Advertiser က publisher ကို review ရေးခိုင်းတဲ့ service တစ်ခုပါပဲ။ အဲ့ဒီ့လို ရေးခိုင်းတဲ့အတွက်လည်း publisher ဖြစ်တဲ့ blogger က ပိုက်ဆံရပါတယ်။ ကိုယ့်ရဲ့ ဆိုဒ် traffic ၊ page rank နဲ့ alexa rank တွေ တက်လာတာနဲက အမျှ review ရေးပေးတဲ့ ပိုက်ဆံတက်လာပါတယ်။ အနည်းဆုံး ဒေါ်လာ ၂၀ကနေစပါတယ်။ အထူးသဖြင့် new startup web2.0 site တွေဟာ user ရအောင် အောင်မြင်နေတဲ့ blogger တွေကို ရေးခိုင်းတာ တွေ့လာရပါတယ်။ ဘာကြောင့်ရေးခိုင်းတာလဲ ရှင်းပါတယ်။ တစ်ရက်တစ်ရက် ထောင်သောင်းချီပြီး vistor လာနေတဲ့ blogger ဆီက user ကို ကဲ့ယူတာပါပဲ။ သူနဲ့ တူတာကတော့ pay per post ပါ။ နောက်ထပ် ads တွေက အများကြီးရှိပါတယ်။ အောက်မှာတော့ ကျွန်တော် list ပြန်လုပ်ပေးထားပါတယ်။

နောက်တစ်ခုစဉ်းစားရမှာက ငွေရချင်လို့ ဘလော့ဂ်ရေးတာလား၊ ဘလော့ဂ်ရေးရင်းနဲ့ ငွေရှာတာလား ဆိုတာပါ။ John Chowသူ့ဘလော့ဂ်မှာရေးထားတဲ့စာသားလေးလဲကြိုက်လို့ဖော်ပြလိုက်ပါတယ်။

I don't blog for money. If the only reason you're blogging is to get rish, you will fail.

အခုဆိုရင် သူရေးထားသမျှတွေကို e-book version ထုတ်ပေးထားပါတယ်။ အလားကား ဒေါင်းလုပ်လုပ်ပြီး ကြည့်လို့ရပါတယ်။ အဓိကတော့ traffic ပါ။ traffic အများကြီး ရတဲ့ ဆိုဒ်တွေကို လေ့လာကြည့်ပါ။ ဘာကြောင့်ရလဲ။ ? ကျွန်တော် tutorial ဆိုဒ်တွေ tips and tricks တွေ ရေးတဲ့ ဆိုဒ်တွေ reader တွေရဲ့ ပြသနာတွေကို ဒိုင်ခံရှင်းပေးနေတဲ့ ဆိုဒ်တွေကို သွားလေ့ရှိပါတယ်။ ကျွန်တော်လို လူမျိုးတွေ အင်တာနက်မှာ သန်းချီပြီး ရှိပါတယ်။ ဒီလောက်ဆို သဘောပေါက်ရောပေါ့။ အောက်မှာတော့ useful links တွေ ရေးထားပါတယ်။ သွားရောက်ကြည့်ရှု့လေ့လာကြပါကုန်။

Spotback - Let your visitors rate your posts

May 17, 2007
1 comments
Spotback - Rate everything
spotback က ပို့စ်တွေကို rating ပေးတဲ့ plugin တစ်ခုပါပဲ။ register လုပ်ထားတဲ့သူကော မလုပ်တဲ့သူပါ rate လုပ်လို့ရပါတယ်။ spotback member တွေထဲက ဘယ်သူ ဘယ်ပို့စ်မှာ ဘယ်လောက် rate လုပ်သွားတာကိုလည်း သိနိုင်ပါတယ်။ highest rated tag တို့ top suggested rated tag တို့ကိုလည်း ဖော်ပြပေးတဲ့ widget ကိုလည်း ကိုယ့်ဘလော့ဂ်ရဲ့ ဆိုဒ်ဘားမှာ ထည့်လို့ရပါတယ်။ ကိုယ့်ဘလော့ဂ်ကို လာဖတ်တဲ့ အကြောင်းတစ်ခုခုကြောင့် comment မပေးချင်တဲ့ invisible visitor တွေကိုလည်း ဒါလေးနဲ့ ကူညီလို့ရပါတယ်။ blogger (new beta, old) , wordpress နဲ့ တစ်ခြား blog platform မှာ ဘယ်လို ထည့်ရတယ်ဆိုတာကိုလည်း code ယူတဲ့ အချိန်မှာ သေချာရှင်းထားပါတယ်။ အောက်က ပုံလေး နှစ်ခုက snapshot လုပ်ထားတာပါ။ ဒိပြင် ပုံစံမျိုးစုံလည်း ရှိပါတယ်။
Spotback rating
ဒါကို Go2Web2 မှာ စစတွေ့ပြီး limited user account ရကတည်းက ရေးမယ်ဆိုပြီး လုပ်ထားတာ မရေးဖြစ်ဘူး။ ကဲ စမ်းကြည့်ကြပါလေ။










Technorati Tags : , , ,
Tags from my blog : Blogging, Blogging Tool, Rate, Votes

Speed Linking 7 May 2007

May 7, 2007
1 comments

My Blog got PR4

May 1, 2007
0 comments
Many news from Blogosphere told that Google updated PageRank (explained from Google and Wikipedia ) in these days. So I checked out my blog's PageRank with the following PageRank checkers.

Sites show that my blog has PageRank 4 out of 10. Here is a screen snapshot from www.Prchecker.info
Myo Kyaw Htun - Personal Blog Page Rank 4
Thanks all of you who visit regularly without seeing any updates and those blogs that link to my blog.


PageRank ဆိုတာ လွယ်လွယ်ရှင်းပြရရင်



၁။ Site တစ်ခုကို တစ်ခြားဆိုဒ်တွေက လင့်ချိတ်ထား တဲ့ အရေအတွက် (main page တွင် မကပဲ အဲ့ဒီ့ site ရဲ့ တစ်ခြား page တွေကို လင့်ခ်ချိတ်ထားတာတွေ အပါအဝင်)


၂။ နေ့စဉ် လာရောက် ကြည့်တဲ့ အရေအတွက် (နေ့စဉ်လာကြည့်တဲ့ ကမ္ဘာအရပ်ရပ်က unique visitors သို့မဟုတ်ရင်လည်း Search Engine တွေကနေ တစ်ဆင့် ကြုံလို့ ရောက်လာတဲ့ visitor တွေ အပါအဝင်) တွေ များလာတာ နဲ့ အမျှ page rank ပါတက်လာပါတယ်။



နောက် SearchEngine တွေမှာ ကိုယ့်ဆိုဒ်ရဲ့ လင့်ခ်တွေက ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ရှိတာတွေ အဲ့ဒါ့လည်းပါပါတယ်။ ဥပမာ တစ်ယောက်ယောက်က Search Engine မှာ ရှာလိုက်လို့ ကိုယ့်ဆိုဒ်က ထိပ်ဆုံးက တက်လာတာမျိုးတွေပါ။ (အဲ့ဒီ့လို တက်လာဖို့ကိုလည်း အပေါ်က နှစ်ခုက အထောက်အပံ့ ပေးထားရတယ်။) ဒါကတော့ အကြမ်းဖျင်း သဘောပါ။ အသေးစိတ်သိချင်ရင် ပို့စ်အစမှာ လင့်ခ်နှစ်ခု ကျွန်တော်ပေးထားပါတယ် အဲ့ဒါ့တွေ ဖတ်ကြည့်ပါ။



Technorati : , , , , , ,