ကိုကျော်သူ က သူ့ဘလော့ဂ်ကို My weird habits: ဆိုတဲ့ ပို့စ်နဲ့ ပြန်နှိုးပါတယ်။ ကျွန်တော် ဖတ်ကြည့်လိုက်တော့ တကယ်ပါဗျာ ကျွန်တော့် မှာ အဲ့ဒီ့ အကျင့်တွေ ရှိနေတယ်။ ကျွန်တော် ကော့မန့်ပေးတော့ ကိုကျော်သူ ပြန်ရေးထာတာလေးလည်း သဘောကျလို့ ကုဒ်ထားပါတယ်။
Me: ထူးထူးခြားခြား ၁၀ချက်လုံး လာတူနေတယ်။ :)
ဒါနဲ့ welcome back ကိုကျော်သူKo Kyaw Thu: ဒါဆို ညီလေး။ ကိုယ့်ဆီက ကူးသွားလိုက်။ ၁၀ချက်လုံးတူဖို့ ဆိုတာ ညီအစ်ကိုအရင်းတောင် သိပ်မလွယ်ဘူး။ ငယ်ငယ်က ကိုတိုးကြီးနဲ့ ကိုယ်နဲ့ ကလေးများ မှားခဲ့လားမသိပါဘူးကွာ။ အသစ်
မရေးနဲ့တော့။ ဟားဟားး။ :D Comment Permalink
အောက်က ၁၀ ချက်ကတော့ ထူးခြားမှုတွေထဲက တမူထူးခြားနေတဲ့ဟာတွေကို ခေါင်းထဲက မရမက ညှစ်ထုတ်ပြီး ရှာထားတာပါ။ ဒါဆိုရင် ၂၀ ဖြစ်သွားပြီပေါ့ :)
1. ငယ်ငယ်တုန်းက ညအိပ်ရင် ခေါင်းအုန်းပေါ်တက်အိပ်တတ်ပြီး ခြေနှစ်ချောင်းက နံရံပေါ်ကို ကန်ပြီး အိပ်ပြီး အိပ်တတ်တဲ့ အကျင့်ရှိပါတယ်။ အဲ့ဒီ့အကျင့်က ၈တန်းလောက်ထိ ရှိနေပါတယ်။ (လင်းနို့လိုလို ဘာလိုလိုပေါ့) အိပ်နေရင်းကလည်း ကုတင်ပေါ်မှာ သုံးလေးပတ်လောက် ပတ်ပြေးတတ်တဲ့ ဘာအကျင့်မှန်းမသိ အဲ့ဒါ့လည်း ရှိပါတယ်။ (အတူတူအိပ်တဲ့ ဖေဖေပြောပြလို့ သိတာပါ) အဲ့ဒီ့ဟာကြီးကတော့ ဘယ်အချိန်က ပျောက်သွားမှန်း မသိတော့ပါဘူး။ (ပျောက်သွားတာပဲ ကောင်းပါတယ်။)
2. ညရောက်တိုင်း မိုးကောင်းကင် နဲ့ လပေါ်ကို ငေးကြည့်တတ်တဲ့ အကျင့်ရှိပါတယ်။ ငယ်ငယ်တုန်းက ကောင်းကင်ပေါ်ကို သိပ်တက်ချင်တာ (အရှင်လတ်လတ်)။ အဲ့ဒီ့လို တက်ချင်တော့ သိပ္ပံပညာရှင် ဖြစ်တာလဲ မပြောပါနဲ့။ အခုတောင် ကြုံလို့ အပေါ်ကို မော့ကြည့်မိရင် လက်တစ်ဖက်က အလိုလို မြှောက်လာပြီး အပေါ်ကို (စူပါမန်းလို) ပျံတက်ချင်တဲ့ စိတ်ကို မနည်းထိန်းထားရတယ်။
3. ပုရွက်ဆိတ်အုံလိုက်မြင်ရင် ကြက်သီးမွေးညှင်းတွေ ထလာပါတယ်။ တစ်ကိုယ်လုံးလည်း ယားကျိကျိကြီး ဖြစ်နေပါတယ်။ အဲ့ဒါ့ကတော့ အခုထိ မပျောက်သေးဘူး။
4. တစ်ခုခုလုပ်နေရင်းနဲ့ ခေါင်းထဲမှာ အကြောင်းအရာတစ်ခုခုကို စဉ်းစားနေတတ်တယ်။ တစ်ခါတလေ သုံးလေးမျိုးလောက်ကို ဆက်တိုက်စဉ်းစားတတ်လေ့ ရှိပါတယ်။ ဥပမာ လမ်းလျှောက်နေရင်း မျက်လုံးက အရှေ့ကြည့်နေပေမယ့် စိတ်ကတစ်ခြားရောက်နေပါတယ်။ ဟာသတစ်ခုခုကို စဉ်းစားမိလို့ ပြုံးမိတာတို့ အော်ရယ်မိတာ့မတတ်ဖြစ်သွားတာတို့ ဖြစ်တတ်ပါတယ်။ တစ်ခါတလေ မျက်နှာချင်းဆိုင်က လာတဲ့သူက ဒီကောင် ငဂေါက်လား ဆိုတဲ့ ပုံစံနဲ့ ကြည့်ကြည့်သွားတာကိုလည်း ခံရပါတယ်။
5. ကာတွန်းကား ဟာသာကားတို့နဲ့ တကယ် ဗဟုသုတ ရမယ့် ဇာတ်ဝင်ကားတို့ ဘယ်ဟာ အရင် ကြည့်မလဲ လာမေးရင် အရှေ့ကဟာကို အရင်ရွေးတတ်တဲ့ အကျင့်ရှိပါတယ်။ (အခုထက်ထိ ကလေးစိတ် မပျောက်သေးပါဘူး။ ဂယ်ပြောတာပါ။)
6. သာမန် သူလို ကိုယ်လိုလူက ကြီးကြီးကျယ်ကျယ်တွေ ကို လက်ဟန်ခြေဟန်တွေ ဆိုဒ်တွေ ဂိုက်တွေ ရွေဘော်တွေ လွှတွေ နဲ့ ကယားရေလွှတ် တတွတ်တွတ် နဲ့ နှပ်နဲ့ ပစ်တော့မဲ့ အတိုင်းလာပြောတတ့်သူတွေကို သိပ်ကြည့်မရပါဘူး။ (ပုံမှန် ပြောပြတဲ့သူကိုတော့ တလေးတစား နားထောင်တတ်တဲ့ အကျင့်ရှိပါတယ်။)
7. သူများနားထောင်ချင်မှန်း နားမထောင်ချင်မှန်းမသိ ကိုယ်ပြောချင်တာတွေ စွတ်ပြောတတ်တဲ့ အကျင့်ရှိပါတယ်။ ကျွန်တော်နဲ့ ကြုံလို့ chatting လုပ်တဲ့သူတွေတိုင်း သတိထားမိပါတယ်။ (ကြိုပြောထားပြီ)
8. အားကစားမှာ ဘောလုံးကို အနှစ်သက်ဆုံးပါပဲ။ ဂိမ်းဆော့လည်း ဘောလုံးပဲ။ ကျွန်တော့်အသည်းစွဲ မန်ချက်စတာ ယူနိုက်တက်မှာ ကန်ချင်တဲ့စိတ်ကိုလည်း ဘယ်လိုမှ ထိန်းလို့မရပါဘူး။ (မဖြစ်နိုင်မှန်း သိရက်သားနဲ့) စာမေးပွဲ ဖြေနေတုန်း ညပိုင်း ပွဲကောင်းတိုးနေရင် (အထူးသဖြင့် မန်ယူ) အဲ့ဒီ့ပွဲပြီးတဲ့ အထိ ထိုင်ကြည့်တတ်ပါတယ်။ အဲ့ဒီ့လောက် ဘောလုံးကို အရူးအမူး နှစ်သက်တာပါ။
9. ဘယ်ဘာသာစကား သင်သင် အခက်အခဲ ရှိနေပါတယ်။ ဦးဏှောက်ကပဲ လိုက်မမှီတာလား။ စိတ်မဝင်စားတာလား မသိဘူး။ အခုထိုင်းလိုတောင် နံပါတ်တွေကို ကောင်းကောင်း မရွတ်နိုင်သေးဘူး။ လာပြောရင် လက်ပြန်ချိုးပြီး ရေနေရတာ။ ဒါပေမယ့် ကွန်ပျူတာ ဘာသာစကားကိုတော့ ထူးထူး ခြားခြား သင်ရတာ လွယ်နေပါတယ်။
10. စတွေ့ခါစ လူနာမည်တွေ၊ လမ်းနံပါတ်တွေ၊ ဖုန်းနံပါတ်တွေ၊ မွေးနေ့မွေးရက်တွေ အဲ့ဒါ့တွေကို ချက်ခြင်း မှတ်မိနိုင်တဲ့ စွမ်းရည်မရှိပါဘူး။ တစ်ခါတလေ ၃လလောက် ကျော်မှ မှတ်မှတ်ရရ ဖြစ်လာပါတယ်။ (အခုရေးနေရင်းတောင် ပတ်စပို့စ် နံပါတ် နဲ့ မှတ်ပုံတင် နံပါတ် မေ့နေပြီ ဟီး)
Tagged:
- Ko Kyaw Thu (Done)
- Ko Chan Mya Soe (Done)
- Ko Kyaw Min Tun (Done)
- Ko Yan Aung (Done)
- Ko Tesla (Done)
- Ko Zaw Moe Aung (Done)
- Ko Mg Hla (Done)
- Mike (Done)
- Ko SisAin
- Ko Nay Gyi (Done)
- Ma Moe Moe (Done)
- Ma Sa Nay (Done)
- Bar Nyar (Done)
- Ma Hay Mar (Done)
- Ma Soe Soe Kyi (Done)
- Hnit Kuu (Done)
- Ma Gyit (Done)
- Nya Lay (Done)
- Ma May
- Ma Mon (Done)
- Ma Yee Mon (Done)
- Ma MadyJune (Done)
- Ma Lin
- Ma Pan Pwint Lay
- Thinzar (Done)
- Thili (Done)
- Ei Mon Soe (Done)





I'm Myo Kyaw Htun. 23 years old guy from Myanmar and currently working as web developer in Bangkok, Thailand for more than two years. This is my first created blogspot blog mostly written in Burmese/Myanmar language. If you want to read it in English, please visit my personal site (