Myo Kyaw Htun

Site Feeds' Content

April 5, 2007

တစ်နေ့က Zinyawni.net ဆိုတဲ့ ဆိုဒ်တစ်ခုကို ကိုချမ်းမြစိုး ညွှန်လို့သွားကြည့်လိုက်တော့ main page မှာ site author (ကျွန်တော့်အထင်ပါ) ရဲ့ ပို့စ်တွေကို တွေ့ပါတယ်။ နောက် menu တစ်ခုချင်းဆီကို လိုက်ကြည့်တော့ သုခုမ ကဏ္ဍအင်္ဂလိပ်စာဖြင့် ၊ မြန်မာစာဖြင့် ၊ မြန်မာ Blog များနိုင်ငံရပ်ခြားမှ သတင်းများ ဆိုပြီး လင့်ခ်လေးတွေ တွေ့ပါတယ်။ သုခုမှ ကဏ္ဍမှာ http://www.ozzy.com/ ဆိုဒ်၊ မြန်မာစာဖြင့် နဲ့ မြန်မာ Blog များ မှာ Mg HlaMyanmar OA6မေဓာဝီNine Nine SanayKo Kyaw LinMyo Kyaw HtunArlooMy Emotional CornerMinn Myat Soe

Myat Thura နဲ့ Mg Yoe တို့ရဲ့ ဘလော့ဂ် တွေပါ။ နိုင်ငံရပ်ခြား သတင်းများ မှာ တော့ Lifehacker Blog ကို တွေ့ပါတယ်။ နည်းနည်းလောက် အချိန်ပေးပြီး ကြည့်ကြည့်တော့မှပဲ ဒါ blog တွေက

feed တွေကို ယူထားတာပဲ ဆိုပြီး သိလိုက်ရပါတယ်။ ကျွန်တော်တွေးတာ မမှားဘူးဆိုရင် အဲ့ဒီ့ site ဟာ wordpress ဘလော့ဂ်တစ်ခုဖြစ်ပြီး feed fetcher plug-ins တစ်ခုခုသုံးထားတာ

ဖြစ်နိုင်ပါတယ်။

credit ကိစ္စနဲ့ ပတ်သက်လို့ zinyawni.net ကိုကြည့်တော့ http://zinyawni.net/aggregator/sources/ လင့်ခ်မှာ မူရင်း ဆိုဒ်တွေကို ဖော်ပြထားပါတယ်။ နောက်တစ်ခု ဆိုဒ်ရဲ့ footer မှာ

ဒီလိုရေးထားတာကို ထပ်တွေ့ထားတယ်။


All logos and trademarks in this site are property of their respective owner(s). The comments are property of their posters, the rest ©2007 Zinyawni. By viewing/utilizing this

web site, you have agreed to our acceptable use policy and privacy policy. Where marked, we use the Creative Commons license for all original content.



နောက်တစ်ခု post တိုင်းမှာ original link နဲ့ author ဘယ်သူတွေ ဆိုတာလဲ ဖော်ပြထားပါတယ်။
ဒီလိုမျိုး site content တွေကို feed fetcher သုံးပြီး မူရင်း author ရဲ့ permission ကို မယူပဲ site တစ်ခုမှာ ဖော်ပြခွင့် ရှိသလား ?



ကျွန်တော့်မှာ လတ်တလော အဖြေမရှိသေးပါဘူး။ ဒါပေမယ့် ဒီ site တွေကို ဥပမာ ပြချင်ပါတယ်။



http://www.techmeme.com




At this moment, the next big story in technology may reside on a blog you've never heard of or a news site you don't have time to scan. So I built a software agent to surface


these links in real time and the result is Techmeme, the site you're visiting now. Coverage is driven by a mix of industry insiders, passionate independents, and established journalists. So Techmeme gets the story no matter where it appears, and often days before it hits major sites. - Gabe Rivera ref: about page



အဲ့ဒီ့ ဆိုဒ်မှာဆိုရင် site တော်တော်များများ က feed တွေကို ယူပြီး summary နဲ့ link တွဲပြီးပြထားတာပါ။


နောက် တစ်ခုက digg.com



အဲ့ဒီ့ဟာက social bookmarking news ဆိုဒ်ပါ။ digg user တွေ က သူတို့ တွေ့သမျှ ထူးခြားတဲ့ သတင်း လင့်ခ်တွေကို အဲ့ဒီ့ ဆိုဒ်မှာ တင်ပြီး share လုပ်ကြတာပါ။ အဲ့ဒီ့မှာ တစ်ချို့ digg user

တွေက မူရင်းဆိုဒ်မှာ comment မပေးပဲ digg ရဲ့ သက်ဆိုင်ရာ link မှာပဲ comment ပေးကြတာကို တွေ့ရတယ်။ အဲ့ဒါ့ကို site/blog ပိုင်ရှင်က “ငါ့ဆီမှာ ကော့မန့်မပေးပဲ ဘာလို့ အဲ့ဒီ့မှာ သွားပေးရတာလဲ” ဆိုပြီးတော့လဲ ပြောလို့မရပါဘူး။ digg.com မှာလဲ rss feature ပါပါတယ်။ ကျွန်တော် digg.com ကို visit မလုပ်ပဲ ဆိုဒ်ရဲ့ rss ကိုပဲ ဖတ်နေလို့ရပါတယ်။ rss ကနေတစ်ဆင့် latest news တွေ ကိုလည်း ကျွန်တော့် ဘလော့ဂ်မှာ တပ်လို့ရပါတယ်။ မြန်မာ ဘလော့ဂ်ဂါထဲမှ ကိုသန့်ဇင်အောင် ရဲ့ ဘလော့ဂ် ဆိုဒ်ဘားမှာ တွေ့နိုင်ပါတယ်။



del.icio.us လည်း ထိုနည်း၎င်းပါပဲ


နောက်တစ်ခုက


http://networks.feedburner.com/India-Technology-Blogs


အဲ ... ဒီတစ်ခုကတော့ invite လုပ်ပြီး ထောင်ထားပါ။ ဒီမှာလဲ indian blogger တွေ ရေးတဲ့ technology blog ၁၃ခုက blog content တွေကို တစ်နေရာထဲကနေ ဖတ်လို့ရပါတယ်။ network feedburner ကတော့ professional blogger တွေ အတွက်ပါ။ တကယ် ပရိုလုပ်ချင်တဲ့သူတွေ feedburner မှာ လုပ်လို့ရပါတယ်။


အဲ့ဒီ့လို လုပ်လို့ ဘာတွေ အကျိုးကျေးဇူးရလဲ ?



ကျွန်တော်တို့ ဘလော့ဂ်တွေကို လာဖတ်တဲ့ သူတွေ အတွက် အချိန်ကုန် သက်သာတာပေါ့။ တစ်နေ့တစ်နေ့ ဖတ်လိုက်ရတဲ့ သတင်းတွေဟာ မနည်းပါဘူး။ ဒီလိုသာ ကိုယ် ဖတ်ချင်တဲ့ site တွေ ကို
browse လုပ်ရင် လည်း မကုန်နိုင်ပါဘူး။ အထူးသဖြင့် ကိုယ် visit လုပ်တိုင်း browser က site မှာ ရှိတဲ့ content တွေ အကုန်လုံးကို ဆွဲတင်ရတာပါ။ အဲ့ဒီ့မှာ image resolution ကောင်းကောင်း နဲ့
template သုံးထားတဲ့ blog/site တွေ external plug-ins (သို့) script တွေ သုံးထားတဲ့ blog/site တွေ နဲ့ အရင် ပို့စ်အဟောင်းတွေက content တွေ video တွေပါရင် ပိုတောင်ဆိုးသေးတယ်။
connection ကောင်းကောင်း ရှိတာတောင် အဲ့ဒီ့ site က တော်တော်နဲ့ တက်မလာတော့ပါဘူး။ အဲ့ဒီ့လို အခက်အခဲတွေ ကျော်ဖြတ်လာပြီးမှ ဆိုဒ်မှာ news/post content မတွေ့ဘူးဆိုရင် အားနာစရာကြီး :P ။ အဲ့ဒီ့အခါမှာ လာကြည့်တဲ့သူကို အဲ့ဒီ့လိုမျိုး အခက်အခဲ မကြုံရအောင် site တွေမှာ feed နည်းပညာတွေ ထည့်သွင်းလာကြတယ်။ အဲ့ဒီ့မှ တဆင်မြှင့်ပြီး feed တွေကိုစုပြီး တစ်ခုထဲ ဖြစ်အောင်လုပ်တဲ့ နည်းတွေ ထပ်ထွင်လာကြပါတယ်။


ကျွန်တော် သိသလောက် http://www.feedblendr.com ဆိုရင် ကိုယ် စုချင်တဲ့ blog တွေ site တွေက feeds တွေကို စုပြီး blend


လုပ်လိုက်လို့ရပါတယ်။ အဲ့ဒါ့ဆိုရင် feed တစ်ခုထဲ ဖြစ်သွားပါပြီ။ ဥပမာ -


Mr.A , Mr.B နဲ့ Mr.C တို့ရဲ့ blog တွေက feeds တွေကို ယူပြီး ပေါင်းလိုက်ရင် feed တစ်ခုထပ်ထွက်လာမှာပါ။ အဲ့ဒီ့ feed ရဲ့ အလုပ်လုပ်တဲ့ ပုံစံက Mr. A က ည ၇နာရီလောက်မှာ post အသစ်ကို


publish မယ်။ Mr. B က ည ၉ နာရီလောက်မှာ publish လုပ်မယ်။ Mr. C က ည ၁၁ နာရီလောက်မှာ publish လုပ်မယ်။ တဖန်ပဲ Mr. B က new post ကို နောက်ရက် မနက် အစောကြီး publish


လုပ်မယ်ဆိုရင် အဲ့ဒီ့ feed က ဒီလိုဖြစ်သွားမှာပါ။


  • New post posted by Mr.B
  • New post posted by Mr.C
  • New post posted by Mr.B
  • New post posted by Mr.A

ဒါဆိုရင် ဘယ်လောက်ကောင်းလဲ။ feed တစ်ခုထဲကနေပြီး blog သုံးခုက နောက်ဆုံး update post တွေကို တစ်နေရာထဲက နေဖတ်လို့ရတာ။ ကျွန်တော် သုံးယောက်ပဲ ဥပမာပြတာပါ။ ဘလော့ဂ် ၁၀ ခု၊ အခု ၂၀ တို့ ပေါင်းပြီး လုပ်လို့ရပါတယ်။


ကျွန်တော် သတိထားမိသလောက် မြန်မာဘလော့ဂ်တွေ ၂၀၀ကျော်လာပါပြီ။ အဲ့ဒီ့ထဲက ကိုယ်နဲ့ ခင်ရာမင်ရာ ဒါမှမဟုတ် ဗဟုဟုတ ရစရာ ဘလော့ဂ်တွေလည်း အများကြီးကို တစ်နေ့နဲ့ လိုက်ပြီး visit လုပ်ရင် အတော်ကြီးကို အချိန်ယူရမှာပါ။ အဲ့ဒီ့လောက် amount ထဲက ကိုယ် ခင်ရာမင်ရာ ဘလော့ဂ်တွေလည်း တိုးလာပါပြီ။ အဲဒီ့ ဘလော့ဂ် တွေ အကုန်လုံးကို တစ်ရက်ထဲနဲ့ browser မှာ visit လုပ်ပြီး ဖတ်မလား ? RSS Reader သုံးပြီး ဖတ်မလား ? နည်းရင်တော့ ...


ဒါမျိုးတွေ rss နဲ့ ဖတ်နေတာ မကြိုက်ဘူးဆိုရင်တော့ ပိတ်ရုံပါပဲ။ ပိတ်ချင်ရင်လည်း လွယ်လွယ်လေးပါ။ Blogger ရဲ့ Setting->Site Feed->Blog Post Feeds ကို None လုပ်လိုက်ရုံပါပဲ။


ကျွန်တော်လဲ အဲ့ဒီ့ စုပုံ ဆိုဒ်တွေ သွားဖြစ်ပါတယ်။ အဲ့ဒီ့ ကမှ တစ်ဆင့် မူရင်း ဆိုဒ်တွေကို ရောက်သွားပြီး အရင် ပို့စ်အဟောင်းတွေကို ဖတ်ရတာ ဗဟုသုတ ရလို့ နေ့တိုင်းသွားဖြစ်သွားတာတွေလဲ အများကြီးပါ။


မှတ်ချက်။ ။ ကျွန်တော်ရေးထားတာဟာ copy ကူးပြီး မူရင်းဘယ်သူ ဘယ်ဝါ လုပ်မှန်း မဖော်ပြပဲ ထားခြင်းကိစ္စ နဲ့ မဆိုင်ပါ။













Technorati Tags : , , ,
Tags from my blog : Feeds, Feeds Fetching, RSS, Tips


4 comments:

Natthi said...

“စုပုံဆိုဒ်” ဆိုတဲ့ စကားလေး မိုက်တယ်ဗျာ။
တစ်ထိုင်တည်းနဲ့ မလိုင်ခဲ စားရတာမျိုး ကောင်းတယ်လို့ ထင်ပါတယ်။

CMS said...

ကောင်းလားဟင် :)

မေ said...

မျိုးကျော်ထွန်းရေ information အတွက် ကျေးဇူးတင်ပါတယ်။ မမေဘလော့ဂ်က ပါဆင်နယ်ခံစားချက် ဘလော့ဂ်မို့လို့ သူငယ်ချင်းတွေ ဖတ်ရုံသက်သက် ရည်ရွယ်ပါတယ်။ ကော်မန့်မှာ ဖြုတ်ပေးဖို့ request လိုက်ဦးမယ်။ လောလောဆယ်တော့ လော့ဂ်အင်မှ ကော်မန့်ပေးလို့ရမယ် ဆိုလို့ လော့ဂ်အင်အတွက် ဖြည့်ထားပြီး ပြန်ပို့လာမဲ့ ပတ်စ်ဝဒ်ကို စောင့်နေဆဲပါ။

Myo Kyaw Htun said...

@Ko Natti and Ko Chan

I wanna eat :P

@Ma May

you can directly contact in their contact page

http://zinyawni.net/contact

Post a Comment

Thank you for commenting in Myo Kyaw Htun - Personal Blog