Myo Kyaw Htun

Wish you a Happy Myanmar New Year

April 12, 2009
7 comments
အားလုံးပဲ ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ် မင်္ဂလာဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Padauk
 ကျွန်တော်နေတဲ့ လမ်းတစ်လျှောက် ပိတောက်ပင်တွေ ဘယ်ညာရိမ်းလို့

In the Life Field

April 7, 2009
2 comments
ကျွန်တော် သီချင်းတွေ တော်တော် နားထောင်လေ့ရှိတယ်။ ဒီတလော အခေါက်ခေါက် အခါခါ ပြန်နားထောင်မိတဲ့ သီချင်းလေးထဲက စာသားအချို့ပါ။ ဘိုဖြူရဲ့ ပြည့်စုံပါစေ အခွေထဲက လောကကြိုးဝိုင်း ဆိုတဲ့ သီချင်းလေးပါ။
ဘဝဆိုတာ မင်းတွေးသလောက်မလွယ်
မင်းစိတ်တွေ သန်စွမ်းဖို့ သိပ်လိုတယ်
လှည့်ကွက်အပြည့်နဲ့ လမ်းတွေအလယ်

ဘဝဆိုတာ မင်းတွေးသလောက်မလွယ်
မင်းဘဝကို ရောင့်ရဲတတ်ဖို့ သိပ်လိုတယ်
လှည့်ကွက်အပြည့်နဲ့ လမ်းတွေအလယ်

လောကကြိုးဝိုင်းထဲဝယ်
လှည့်ကွက်အရှုံးပွဲလဲ ကြုံမယ်
တစ်နေ့တော့ မင်းအလှည့်ရောက်မယ်

အဆုံးအဖြတ်မစောနဲ့ ကလေးရေ
နောက်ကျတော့မှ သိလာမယ်
အမှားအယွင်းများက အဆင်အသင့်ပဲ

SMS Feature in Blogger

March 14, 2009
1 comments
Blogger မှာ SMS ကတဆင့် Blogging လုပ်လို့ရပါပြီ။ အသေးစိတ်ကို Blogger In Draft ရဲ့ Better Mobile Posting မှာဖတ်ပါ။ မှတ်ချက်။ ။ US phone များသာ :(

Chimps: The Dark Side

March 10, 2009
1 comments
ဒီ documentry ကို National Geographic က လွှင့်တုန်းကတော့ ကြည့်လိုက်ရတယ်။ ဒီနေ့ AOL မှာ လျှောက်ရှာကြည့်တော့ ဒီ 45 မိနစ်ကျော် ရှိတဲ့ အစီအစဉ်ကို ပြန်တွေ့တယ်။ လူတွေနဲ့ တော်တော် နီးတဲ့ အေးအေးဆေးဆေး နေလေ့ရှိတဲ့ Chimpanzee တွေ့ Behaviour ပြောင်းတဲ့ အကြောင်းပါ။ ကလေးငယ်တွေဆွဲ ကြက်တွေ အိမ်မွေးတရိစ္ဆာန်တွေဝင်ဆွဲ သူတို့အမျိုးတူ အချင်းချင်း ရက်စက်စွာ ပြန်သတ်တဲ့ ထူးဆန်းနေတဲ့ အဖြစ်အပျက်တွေကို ရိုက်ထားတာပါ။ လူတွေမှာလဲ ကြီးနိုင်ငယ်ညှင်း အုပ်စုဖွဲ့ပြီး အနိုင်ကျင့်တဲ့ အကျင့်၊ မိမိပိုင်နက်ထဲ ဝင်လာရင် ချမ်းသာမပေးတတ်တဲ့ အကျင့်တွေ ရှိနေတာလဲ ဒီ လူနဲ့ နီးတဲ့ ဒီ Chimpanzee တွေကိုကြည့်လိုက်ရင် သိပ်တော့မထူးဆန်ပါဘူး။ ဒီကောင်တွေ အေးဆေးနေတတ်တဲ့ အကျင့်ရှိတယ် ဆိုတာ သိပေမယ့် အခုမြင်ရတော့ တော်တော်လဲ ကြောက်မိတယ်။ စိတ်ဝင်စားလို့ ကြည့်ချင်တယ်ဆိုရင် အောက်ကလင့်ခ် သာ နှိပ်ပြီး ကြည့်ပါ။

Chimps: The Dark side

Be Professional

ကျွန်တော်က စီးပွားရေး သမား ဆိုတော့ စီးပွားရေး အမြင်နဲ့ ပြောရရင် ကျွန်တော်တို့ စီးပွားရေး လောကမှာ အပျော်တမ်း ဆိုတာ မရှိပါဘူး။ အားလုံး ပရော်ဖက်ရှင်နယ်တွေ ချည်းပါပဲ။ အပျော်တမ်း ၀င်လာတဲ့ သူကလည်း အရှုံးနဲ့ လှည့်ပြန်ရမှာ ပါပဲ။ ဒီလိုပဲ ဘောလုံးမှာလည်း အပျော်တမ်းပဲ ဖြစ်နေမယ် ဆိုရင် အောင်မြင်မှုရမှာ မဟုတ်ပါဘူး။ ပရော်ဖက်ရှင်နယ်က ပြောင်းဖို့ တကယ် လိုအပ်ပါတယ်

- Dr. စိုင်း (Alpine)
Source: SoccerMyanmar

They only know what they want

March 9, 2009
2 comments
လိုချင်တာတွေပဲ သိတယ်။ ပြောချင်တာတွေပဲ သိတယ်။ ဖြစ်ချင်တာတွေပဲ သိတယ်။ တစ်ဖက်လူအတွက် ဘာမှ မစဉ်းစားပေးဘူး။

Something wrong with news?

March 3, 2009
3 comments
နိုင်ငံခြားသတင်းတွေ အပါအဝင် မွေးရပ်က ဖြစ်ပျက်နေတဲ့ သတင်းတွေ ဖတ်ရတာ ကြာတော့ ဖတ်ချင်စိတ် မရှိအောင် စိတ်ပျက်လာတယ်။ ဖတ်ပြီးတော့လဲ စိတ်မကောင်းဖြစ်တာပဲ အဖတ်တင်တယ်။ တော်ပြီ အဲဒိ့ဆိုဒ်တွေ သွားမဖတ်တော့ဘူး။